လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ဒေသခံတိုင်းရင်းသားပြည်သူများ ၀ိုင်းဝန်းကြိုးပမ်း
မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
လက်ဖက်စိုက်ပျိုးမှုသည် ၀င်ငွေကောင်းသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ်ဧကတိုးချဲ့
စိုက်ပျိုးလျက်ရှိသည်။မြန်မာနိုင်ငံအနောက်ဘက်ပိုင်း ကုန်းမြင့်ဒေဖြစ်သော
ချင်းပြည်နယ်သည် လက်ဖက်စိုက်ပျိုးရန်ကောင်းမွန်သည့် ရေ၊ မြေသဘာဝ
ရာသီဥတု ရှိပြီး လက်ဖက်မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးနိုင်သည်။
ချင်းပြည်နယ်သည် မြေဧရိယာဧက ၈၆သိန်းကျော်ကျယ်ဝန်းရာ ဧကငါးသိန်းကျော်
၌သာ စိုက်ပျိုးလုပ်ကိုင်နိုင်သေးပြီး လက်ဖက်စိုက်ပျိုးရန် ဧကများစွာကျန်ရှိနေပေ
သည်။လက်ဖက်ကို ရှမ်းပြည်နယ်၊ချင်းပြည်နယ်တို့တွင် စိုက်ပျိုးသည့်အပြင် မင်းဘူး
ခရိုင်ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသ၊မြင်းခြံခရိုင်ကျောက်ပန်းတောင်းမြို့
နယ်ပုပ္ပါးတောင်ဥယျာဉ်ဒေသများ၌လည်း စံပြစိုက်ခင်းများအဖြစ် အကောင်ထည်
ဖော်စိုက်ပျိုးလျက်ရှိသည်။မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်တောင်ဒေသသည်
လက်ဖက်စိုက်ပျိုးရန် ရေ၊မြေရာသီဥတုနှင့် ကိုက်ညီပြီး ပဲခူးတိုင်း(အနောက်ပိုင်း)
ပြည်ဒေသ ၊မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ လက်ဖက်ဈေးကွက်သို့ အလွယ်ကူ
ပို့ဆောင်ဖြန့်ဖြူးနိုင်သည့် နေရာဒေသလည်းဖြစ်သည်။၂၀၀၉ခုနှစ်တွင် လက်ဖက်
ဧက၂၀၀၀ကိုသစ်တောရေးရာ ၀န်ကြီးဌာန၏ အစီအမံဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု
အခွင့်အလမ်းများပေးပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်
လျက်ရှိသည်။ကျောက်ပန်းတောင်းမြို့နယ်ပုပ္ပားတောင်ဥယျာဉ်ဒေသသစ်တောဦးစီး
ဌာန၏လက်ဖက်စံပြစိုက်ခင်းသည်ရေ၊မြေရာသီဥတုနှင့်ကိုက်ညီပြီ စိုက်ပျိုးရန်သင့်
တော်သဖြင့်မြေမှန်သမျှတွင်စိုက်ပျိုးသွားမည် ဖြစ်သည်။သို့ဖြစ်ပေရာစိုက်ပျိုးရန် ရေ၊
မြေရာသီဥတုနှင့်ကိုက်ညီသည့်ဒေသများတွင်လက်ဖက်အပါအ၀င်အခြားသီးနှံများကို
တိုးချဲကာစိုက်ပျိုးခြင်းဖြင့်ဒေသခံတိုင်းရင်းသားပြည်သူများအလုပ်အကိုင်အခွင့်အလမ်း
များရရှိပြီးဝင်ငွေများရရှိကာ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း
ရေးသားလိုက်ရပါသည်။

Posted by အမှန်မြင်ဖို့ at Monday, December 8, 2008
Labels: အယ်ဒီတာ့အာဘော်
0 comments:
Post a Comment