မျက်မှောက်အချိန်အခါတွင် ကမ္ဘာတစ်ဝန်း၌ လေထုပူနွေးလာမှုနှင့်
အတူ ရာသီဥတုပြောင်းလဲလာလျက်ရှိသည်။ ကမာ့္ဘနေရာဒေသအနှံ့
အပြားတွင် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုများ ဖြစ်ပေါ်လျက်ရှိရာ
ပြည်သူအများ သဘာဝဘေးအန္တရာယ်များနှင့်လည်း ကြုံတွေ့နေကြရသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု၏ အကျိုးဆက်ကြောင့် ဇီဝစွမ်းအင်လိုအပ်
ချက်မြင့်မားလာသည်။ ယခုအခါ စားနပ်ရိက္ခာ ဖူလုံပြည့်စုံရေးသည် လူသား
အားလုံးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေသည်။ ကမ္ဘာပေါ်တွင်
စားနပ်ရိက္ခာဖူလုံမှုမရှိသည့်အတွက် လူဦးရေ သန်း၈၆၀ကျော်သည် စိုးရိမ်ဖွယ်
ရာအခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင်
မိုးစပါး၊ နွေစပါးစုစုပေါင်းဧက သန်း၂၀ကျော်စိုက်ပျိုးလျက်ရှိသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် တစ်မျိုးသားလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်
အချိုးအစားကြီးမားစွာ ပါဝင်နေသဖြင့် စပါးနှင့်အခြားသီးနှံများ ထုတ်လုပ်မှုတိုးတက်
မြင့်မားရေး အခါမလပ် ဖြည့်ဆည်းအားပေးလျက်ရှိသည်။နိုင်ငံတော်က လယ်ယာ
စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကလိုအပ်သည့် စိုက်ပျိုးရေလုံလောက်စွာ
ရရှိစေရန် ဆည်တမံ ရေထိန်းတံခါးပေါင်း နှစ်ရာကျော်ကို နိုင်ငံ
တစ်ဝန်း၌ ဖြန့်ကြက်တည်ဆောက်ပေးထားသည်။ တစ်ချိန်တည်းတွင်
တောင်သူလယ်သမားများ အထွက်တိုးစပါးမ်ျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊
စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရေး၊ လယ်ယာသုံး စက်ကိရိယာများ
ရယူအသုံးပြုနိုင်ရေးတို့ကိုလည်း အားပေးကူညီလျက်ရှိရာ သီးနှံစိုက်ပျိုးမှုများ
အောင်မြင်လျက်ရှိသည်။ယခုအခါ ဒေသတွင်း နိုင်ငံအချို့၌ ဆန်လိုအပ်ချက်
မြင့်တက်လာလျက်ရှိရာ ဆန်စပါး ပိုမိုစိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရေး
ကြိုးပမ်းကြရမည်ဖြစ်သည်။ ပို့ကုန်အတွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင်
တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုသာမက အရည်အသွေး
ကောင်းမွန်ရေးကိုလည်း အလေးထားလုပ်ကိုင်ကြရမည်ဖြစ်သည်။ ဓာတုဓာတ်ကြွင်း
အန္တရာယ်ကင်းသည့် သီးနှံများ၊ ဈေးကွက်ဝင် မျက်နှာပန်းလှသည့် ပစ္စည်းများဖြစ်ရေး
တီထွင်ကြံဆ ဆောင်ရွက်ကြရမည်ဖြစ်သည်။ဒေသတစ်ခုချင်းအနေဖြင့်
ကြည့်ပါက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် စားနပ်ရိက္ခာ ဖူလုံပြည့်စုံရေးအတွက်
သာမက ဒေသခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မား
ရေးကိုပါ အထောက်အကူပြုနေသည်။ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တောင်သူ
လယ်သမားများက ရေမြေသဘာဝ အခြေခံကောင်းများကို ထိထိရောက်ရောက်
အသုံးချပြီး ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များဖြင့် စားနပ်ရိက္ခာ ဖူလုံပြည့်စုံစေရေး
ဆက်လက်ကြိုးပမ်း စိုက်ပျိုးထုတ်လုပ်သွားကြရမည် ဖြစ်ပါသည်။