နိုင်ငံနှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုအရင်ခံ ပြည်သူတို့၏ အသက်အိုးအိမ်လုံခြုံရေးကို စွမ်းစွမ်းတမံစောင့်ရှောက်

နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက "ရဲတပ်ဖွဲ့ကို
လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံနှင့်လျော်ညီသောအတွေးအခေါ်
ဆောင်ရွက်ရန်၊ အတွေးအခေါ်ပိုင်းတွင် နိုင်ငံတော်နှင့်
မိမိလူမျိုးအပေါ် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို အခြေခံရန် ၊
အခြေခံအားဖြင့်အနှစ်သာရပိုင်းတွင်ခံယူချက်၊ယုံကြည်ချက်သည်
အရေးကြီးပြီး ရဲတပ်ဖွဲ့သည် အလုပ်နှင့်စနစ်ကို က်ညီမှုရှိအောင်
" လမ်းညွှန်မှုပြုခဲ့သည်။
၁၉၉၄ခုနှစ် ဇန်န၀ါရီ ၂၈ရက်တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့
စီမံခန့်ခွဲမှုစနစ်ပြုပြင်ပြောင်းလဲရေးကော်မတီကိုကော်မတီဝင်၁၆ဦးဖြင့်
ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးရဲတပ်ဖွဲ့ကိုအသွင်သဏ္ဍန်နှင့်
အနှစ်သာရပါ ပြောင်းလဲတိုးတက်လာရန် ရည်မှန်းချက်ချမှတ်၍
အကောင်အထည်ဖော်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူအများ ယုံကြည်လေးစားအားကိုးသည့်
အဖွဲ့အစည်းကြီးဖြစ်လာစေရန်နှင့် ပိုမိုသွက်လက်
ထက်မြက်လာစေရန် အဘက်ဘက်က ဖြည့်ဆည်းပြုပြင်ပေးခဲ့သည်။
ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်ဖြစ်သော
နိုင်ငံတော်လုံခြုံရေး တာဝန်ကိုပါ အကောင်အထည်ဖော်ဆောင်ရွက်
လျက်ရှိပြီး ပြည်သူက ယုံကြည်အားကိုးလာသည်နှင့်အမျှ
စောင့်ထိန်းရမည့် ကျင့်ဝတ်သည် ပိုမိုလေးနက်လာသည်။
ရဲတပ်ဖွဲ့ဝင်များသည် စာရိတ္တဖြောင့်မတ်ရမည် ၊ စိတ်ထားဖြူစင်ရမည် ၊
လုပ်ရပ်မှန်ရမည် ၊ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရသည့်
သူများဖြစ်၍ ဥပဒေ ဘက်တော်သားပီပီ သစ္စာရှိမှု ၊ တာဝန်စောင့်သိမှု ၊
စည်းလုံးညီညွတ်မှုများ အစဉ်သတိပြု ထိန်းသိမ်းနေရမည်ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူတို့အား ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ပြီး ၊
နိုင်ငံတော်အပေါ် သစ္စာရှိပြီး တည်ကြည်ဖြောင့်မတ်ရန် လိုအပ်ပေသည်။
လုပ်ငန်းကိစ္စများကို အမြင်(၅)မြင်ဖြင့် ဆင်ခြင်သုံးသပ်နိုင်ရမည် ဖြစ်ပြီး
နား၊ မျက်စိဖွင့်ထားရမည်လည်း ဖြစ်သည်။
သို့ဖြစ်ပေရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်
နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုအခြေခံ၍
ပြည်သူအများက ယုံကြည်လေးစား အားထားရသည့် တပ်ဖွဲ့ကြီးဖြစ်လာစေရေး
ကြိုးပမ်းကြရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ် လုံခြုံရေးကို စွမ်းစွမ်းတမံ
ကာကွယ်စောင့်ရှောက်သွားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။