နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်သည်မန္တလေးတိုင်းဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများကိုကြည့်ရှု့စစ်ဆေးခဲ့ရာတွင်မန္တလေးတော်ဝင်စက်မှုလက်မှုကုမ္ပဏီ
စက်ရုံသို့အောက်တိုဘာ၎ရက်က ရောက်ရှိခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည်ကုမ္ပဏီစက်ရုံအတွင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး
စက်ပစ္စည်းများထုတ်လုပ်ရာတွင် အမြတ်ရရှိရေးကိုအဓိကမထားဘဲပြည်သူများ
ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရေးကို စီမံဆောင်ရွက်ထားရန် ၊ အရည်အသွေး
ကောင်းသောစက်ပစ္စည်းများ သုံးစွဲနိုင်ရေးကိစီမံဆောင်ရွက်ထားရန်၊
အရည်အသွေးကောင်းသောပစ္စည်းများထုတ်လုပ်ရန်၊
စက်ပစ္စည်းများအရည်အသွေးမြင့်မားသည်ထက်မြင့်မားအောင်အစဉ်လေ့လာတည်
ထွင်ရန်နှင့် တောင်သူလယ်သမားများအတွက်အထောက်အကူပြုစက်ပစ္စည်းများ
အဓိကထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်သည် ယနေ့၌ပင် ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာရှိ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဇီဝဓာတ်ငွေ့ သုတေသနအဖွဲ့က စီမံဆောင်ရွက်
လျက်ရှိသောဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးရုံသို့ ရောက်ရှိခဲ့သည်။
ယင်းဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးရုံးတွင် ကျေးရွာများ၌
အိမ်ထောင်စုအလိုက် မီးထွန်းရန်၊ ထမင်း၊ဟင်းချက်ရန်နှင့် လယ်ယာမြေများ၌
မြေသြဇာအဖြစ် အသုံးပြုရန် သုတေသနပြု စမ်းသပ်ထားသည့် ဇီဝဓာတ်ငွေ့နှင့်
ဇီဝသဘာဝမြေသြဇာ ထုတ်လုပ်မှုတို့ကို ပြုလုပ်လျက်ရှိပြီး ဇီဝဒာတ်ငွေ့ဖြင့်
ကျေးလက်ဒေသမီးလင်းရေး ဆောင်ရွက်လျက်ရှိသည်။
ကျွဲ နွားတို့၏ စွန့်ပစ်ပစ္စည်းများမှ ထွက်ရှိသောဇီဝဓာတ်ငွေ့ဖြင့်
အောက်လင်းဓာတ်မီးနှင့် မီးဖိုများ အသုံးပြုနိုင်သည့်အကျိုးကျေးဇူးများကို
သိရှိစေပြီး ကျေးရွာများတွင် မိသားစုသုံး ဓာတ်ငွေ့ကန်များ
နမူနာတည်ဆောက်ရန် ၊ မိသားစုသုံးဓာတ်ငွေ့ကန်များ တည်ဆောက်
အသုံးပြုနိုင်ရေး အတွက် ဆင့်ပွားပညာပေးသင်တန်းများစီစဉ်ဆောင်ရွက်ရန်နှင့်
မိသားစုအလိုက် ကျွဲနွားခြောက်ကောင်မှ ၁၀ကောင်အတွင်း မွေးမြူခြင်းဖြင့်
ဇီဝဓာတ်ငွေ့အသုံးပြုနိုင်သည်ကိုကျေးလက်ဒေသနေပြည်သူများ သိရှိနိုင်ရန်
စည်းရုံးဆောင်ရွက်သွားကြရမည် ဖြစ်ပေသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ထုတ်လုပ်သည့် ရွှေဇီဝသဘာဝမြေသြဇာကို
သတ်မှတ်နှုန်းထားအတိုင်း အသုံးပြုပါက ငွေကုန်သက်သာပြီးသီးနှံအထွက်တိုးမည်
ဖြစ်ပေသည်။ ရွှေဇီဝသဘာဝမြေသြဇာ၏ အကျိုးသက်ရောက်မှုကို
တောင်သူလယ်သမားများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ပေသည်။
သို့ဖြစ်ပေရာ ကျွဲနွားတို့၏ စွန့်ပစ်ပစ္စည်းများမှထွက်ရှိသောဇီဝဓာတ်ငွေ့အသုံးချမှု၊
ဇ်ီဝအရည်ဖြင့်စိုက်ပျိုးရေးတွင်အသုံးပြုခြင်းတို့သည်မိသားစုတစ်နိုင်တစ်ပိုင်
ဆောင်ရွက်နိုင်သောလုပ်ငန်းဖြစ်၍တောင်သူလယ်သမားများကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်မည်ဆိုပါကကျေးလက်ဒေသပြည်သူများ၏လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုကပ်ရပါသည်။

Posted by အမှန်မြင်ဖို့ at Thursday, October 9, 2008
Labels: အယ်ဒီတာ့ အာဘော်
0 comments:
Post a Comment