လေဘေးသင့်ဒေများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတွင် ပါဝင်ကူညီခဲ့ကြသော အသင်းဝင်များအား ဂုဏ်ပြုပွဲ
တိုင်းမှူးဗိုလ်ချုပ်သောင်းအေး တက်ရောက် ရခိုင်ပြည်နယ်ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းက ဧရာဝတီတိုင်း လေဘေးသင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သွားရောက် ပါဝင်ဆောင်ရွက်ခဲ့ကြသော အသင်းဝင်များအား ဂုဏ်ပြုပွဲကို သြဂုတ်လ ၂၇ရက်နေ့ ညနေပိုင်းတွင် တောင်ကုတ်မြို့ မြို့နယ် ခန်းမတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ ဥက္ကဌ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးက ဧရာဝတီတိုင်း လေဘေးသင့် ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သွားရောက်ပါဝင် ကူညီဆောင်ရွက် ခဲ့ကြသော မြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဂွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်း၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းနှင့် တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းတို့မှ တာဝန်ရှိသူများ ထံပေးအပ်ခဲ့သည်ဟု Myanmar nargis newsမှ သိရှိရပါသည်။
0 comments:
Post a Comment