မုန်တိုင်းသင့်ပြည်သူများအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ငွေနှင့်ထောက်ပံရေးပစ္စည်းများ ဆက်လက်ပေးပို့လှူဒါန်း
မုန်တိုင်းသင့်ပြည်သူများအတွက် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများနှင့် တပ်မတော်သား မိသားစုများက အမျိုးသားရေးစိတ်ဓာတ် အရင်းခံဖြင့် ငွေနှင့်ထောက်ပံရေး ပစ္စည်းများကို ဆက်လက်ပေးပို့လျက်ရှိရာ ကရင်ပြည်နယ်မှ စေတနာရှင် ပြည်သူများက အလှူငွေကျပ် ၆၃၆၅၁၀၀၊ မွန်ပြည်နယ်မှ စေတနာရှင်ပြည်သူများက အလှူငွေကျပ် ၂၃၃၇၂၉၈၊ စစ်ကိုင်းတိုင်းမှ စေတနာရှင် ပြည်သူများနှင့် တပ်မတော်သား မိသားစုများက အလှူငွေကျပ် ၈၇၆၅၈၁၂တို့ကို အသီးသီး ပေးအပ်လှူဒါန်း ကြပြီး ဘဏ္ဍငွေလက်ခံရေး နှင့် ထုတ်ပေးရေး ဆပ်ကော်မတီသို့ လာရောက်လှူဒါန်းငွေ ၆၆၈၃၄၄၉၆၃ ကျပ် အပါအ၀င် စေတနာရှင် ပြည်သူများ၏ စက်တင်ဘာ ၁၀ရက်အထိ လှူဒါန်းသည့် ငွေနှင့် ထောက်ပံရေးပစ္စည်း စုစုပေါင်းတန်ဖိုးမှာ ငွေ ၁၅၈၉၅၂၉၅၉၅၈ ကျပ် ရှိပြီဖြစ်ကြောင်း Myanmar nargis news မှ သိရှိရပါသည်။
0 comments:
Post a Comment