
ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာချမ်းငြိမ်းသည် ယမန်နေ့ နံနက် ၈ နာရီခွဲက ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်များ သိပံ္ပသုတေသနဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်)၊ အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာန (မာလာဆောင်)၊ ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် ပညာရေးတက္ကသိုလ်တို့ သို့ သွားရောက်၍ သက်ဆိုင်ရာဌာနများရှိ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပါမောက္ခ/ ဌာနမှူးများအား တွေ့ဆုံ၍ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် ဘာသာရပ်ဌာနအလိုက် သုတေသနလုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြချက်များအပေါ် ၀န်ကြီးက ပြန်လည်ဖြည့်စွက် ဆွေးနွေး မှာကြားကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment