နယ်စပ်/စည်ပင် ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးတင်ငွေ ပြည်မြို့၌ သဲရေစစ်ကန် တည်ဆောက်ရေး လုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးတင်ငွေအား စက်တင်ဘာ ၆ ရက်တွင် နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ခန်းမ၌ အမှုဆောင်အရာရှိ ဦးသန်းဦးက နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၀၈-၂၀၀၉ ခု ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။ထို့နောက် ဒုတိယ၀န်ကြီးသည် မြို့မရေစက်ရုံဝင်းအတွင်း လေးလက်မစက်ရေတွင်း တူးဖော်နေမှုနှင့် စက်ရုံအတွင်း ရေစက်မော်တာများ မောင်းနှင်နေမှုတို့ကိုလည်းကောင်း၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့် တာဝန်ယူတူးဖော်ပြီးစီးခဲ့သော မကျီးပင်ကျေးရွာရှိ နှစ်လက်မ စက်ရေတွင်းကို လည်းကောင်း၊ ပေါင်းတည်မြို့ပေါ်သို့ ရေဖြန့်ဝေပေးသည့် မြေသားရေလှောင်ကန် ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဒုတိယ၀န်ကြီးသည် စက်တင်ဘာ ၇ ရက်တွင် ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ တိုင်းနှင့်မြို့နယ်ရှိ ၀န်ထမ်းများအား တွေ့ဆုံ၍ ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ သဲရေစစ်ကန်တည်ဆောက်နေသော လုပ်ငန်းခွင်ကိုလည်းကောင်း၊ မြစ်ရေပေးရေးစက်ရုံ အမှတ်(၂)ကို လည်ကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment