လပွတ္တာမြို့အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသို့တက်ရောက်ရာတွင် သွားလာမှုအဆင်ပြေစေရန်အတွက် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောက်ရှောက်ရေး အသင်း(ဗဟို)မှ စက်ဘီးအစီး၂၀ ၊ မက်စ်မြန်မာကုမ္ပဏီအုပ်စုမှစက်ဘီး ၁၀စီး စုစုပေါင်းအစီး၃၀ နှင့် လွယ်အိတ်၊ ဗလာစာအုပ်၊ ဘောလ်ပင်နှင့် ပေတံများ ပေးအပ်လှူဒါန်းပွဲကို ဇွန်၃၀ရက် ညနေပိုင်းက လပွတ္တာမြို့နယ် (၃)မိုင် လေဘေးကယ်ဆယ်ရေးစခန်းတွင်ကျင်းပခဲ့ပါသည်။