ပါကစ္စတန်နိုင်ငံ နူလာလီမြို့တွင် ဇူလိုင် ၅ရက် နံနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများဖြစ်ပေါ်ကာ နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့ကြောင်း ပါကစ္စတန်မိုးလေ၀သဗျူရိုက သတင်းထုတ်ပြန်သည်။
ရေနစ်မြုပ်
ထို့အပြင် နူလာလီမြို့ဝန်းကျင်ဒေသ၌ မိုးသည်းထန်မှုကြောင့် မြစ်ရေလျှံမှုဖြစ်ပွားခဲ့ရာ အချို့နေရာများ၌ ရေ ၁၆ပေအထိ ရှိခဲ့ကြောင်း၊ကာနာရီအင်နှင့် ဂါဝယ်လ်မန်ဒီ မြစ်ကူးတံတားများ၏ အချို့အစိတ်အပိုင်းများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။