ချင်းတွင်းမြစ်ရေ ပြန်လည်ကျဆင်းလျက်ရှိ
ချင်းတွင်းမြစ်ရေသည် ယနေ့မွန်းလွဲ၁၂ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ဟုမ္မလင်းမြို့၊မော်လိုက်မြို့၊ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် ကျဆင်းလျက်ရှိနေပြီး နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာ အောက်သို့လည်းကောင်း၊နောက်လေးရက်အတွင်း မောလိုက်မြို့၏ စိုးရိမ်ရေမှတ် ၁၂၃၀ စင်တီမီတာအောက်သို့လည်းကောင်း၊နောက်ငါးရက်အတွင်း မုံရွာမြို့၏ စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာအောက်သို့လည်းကောင်း ကျဆင်းသွားမည်ဟု ခန့်မှန်းရသည်။ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင်တစ်နာရီလျှင်(၁)စင်တီမီတာနှုန်းခန့်မြင့်တက်နေပြီး နောက်၃၆ နာရီအတွင်း ညောင်ဦးမြို့၏စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိနိုင်သည်။သို့ရာတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရုံသာရှိပြီး ပြန်လည်ကျဆင်းသွားမည်ဟု ခန့်မှန်းရသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက်တွင် ၂၄ စင်တီမီတာ ၀ဒသမ၈ ပေရှိပြီး နောက်ငါးရက်အတွင်း စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာသည်။

0 comments:
Post a Comment