ပဲခူးတိုင်း(အနောက်ပိုင်း)ဘုန်းတော်ကြီးသင်ကျောင်းများသို့ ၀ါဆိုသင်္ကန်းနှင့် စာရေးကိရိယာများ ဆက်ကပ်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်သန်းဌေးသည် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းတွင် ပြည်မြို့ မှုတ်ရှည်ကျေးရွာအုပ်စု ဓမ္မောဒယ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ပဲခူးတိုင်း(အနောက်ပိုင်း) ရှိ ဘုန်းတော်ကြီးသင်ကျောင်းများသို့ ၀ါဆိုသင်္ကန်းနှင့် စာရေးကိရိယာများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ ဆရာတော် အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဗဟိုအလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများက ဆရာတော်များထံ ၀ါဆိုသင်္ကန်းနှင့် စာရေးကိရိယာများ ၊ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။