မက္ကဆီကိုနိုင်ငံ ပစိဖိတ်ကမ်းခြေသို့အပူပိုင်းမုန်တိုင်းဝင်ရောက်နိုင်
မက္ကဆီကိုနိင်ငံပစိဖိတ် သမုဒ္ဒရာကမ်းလွန်တွင် ဇူလိုင်၁၂ ရက်ကစတင်ဖြစ်ပွားလာသော အလီဒါအပူပိုင်းမုန်တိုင်းသည် အားကောင်းလာကာနောက်နှစ်ရက်အကြာတွင် ဟာရီကိန်းမုန်တိုင်း အဆင့်သို့ရောက်ရှိလာနိုင်ကြောင်း မုန်တိုင်းစောင့်ကြည့်လေ့လာရေးဗဟိုဌာနက ခန့်မှန်းသည်။
တိုင်းတာရရှိသော အချိန်တွင် ထိုမုန်တိုင်းသည်မက္ကဆီကိုနိုင်ငံအကာပါလ်ကိုအပန်းဖြေမြို့၏ တောင်ဘက် ၂၃၅ မိုင်အကွာတွင် ပဉ္စမမြောက်မုန်တိုင်းဖြစ်သော အလီဒါသည် အမြင့်ဆုံးတစ်နာရီလျှင်လေတိုက်နှုန်း ၄၅ မိုင်နှုန်း(၇၅ ကီလိုမီတာနှုန်း) ဖြင့် တိုက်ခတ်နေပြီး မုန်တိုင်း၏ ဗဟိုသည် တစ်နာရီလျှင် ၁၇ မိုင်နှုန်းဖြင့် အနောက်-အနောက်မြောက်အရပ်သို့ ရွေ့လျားလျက် ရှိသည်။
မက္ကဆီကိုနိုင်ငံပစိဖိတ်ကမ်းခြေဒေသရှိအကာပါလ်ကို၊ဇီဟွာတန်ဂျို၊ပွာတိုဗီလာတာစသည့် ကမ်းခြေမြို့ သုံးမြို့သည် လူစည်ကားသော အပန်းဖြေမြို့များဖြစ်သည်။မုန်တိုင်းအရှိန်ကြောင့် ထိုမြို့သုံးမြို့တွင် မိုးတိမ်များအုံ့ဆိုင်းလျက်ရှိသည်။

0 comments:
Post a Comment