အဖျက်သမားတွေကတော့ စိုးရိမ်ထိတ် လန့် အောင် အမင်္ဂ နိမိတ်တွေ ( သူတို့ကို ယ်တိုင် မဟုတ် မှန်မှန်းသိသိ ကြီးနဲ့ပေါ်တင် ) ပြောတယ်။ အဲဒါ ကောလာဟလ ပါပဲ။ ဈေး စကား၊ လမ်ပေါ် က စကားတွေထဲမှာ ကောလာဟ
တွေညပ်ပါလာတတ်တယ်“
အိန္ဒိ ယနိုင်ငံရဲ့ ဖခင်ကြီး မဟတ္တ မဂ န္ဒီက အင်အားသည် မလွှမ်းမိုး မချုပ်ချယ်နိုင်အောင် ပြင်းထန်သော စိတ်ဆန္ဒ( ဆန္ဒာ ဓိပတိ) က ပေါ် ထွက်လာခြင်းဖြစ်သည်ဟု ဆိုခဲ့ဖူးပါတယ်။ လူတွေ ရဲ့စိတ် မနောမှာ အချက် အလက် သဘော Fact သာမက ဆုပ်ကိုင်လို့မရတဲ့စိတ်ကူး၊ စိတ်ကွန့် မြူးတာ Fiction တွေလည်း ပါရှိသေးတာကိုး။ဒီသဘာဝ ကိုအသုံး ချပြီးတိုင်ပြည် ပျက်အောင် ဖျက်ဆီးချင်တဲ့ သူအချို့ က ကောလာ ဟလ
နဲ့ ထိုးနှက်နေတာ တွေ့ ရပါတယ်။ ကြားရတဲ့ စကားတစ်ခွန်း မှန်မှန်မှားမှား စိတ်လှုပ်ရှားစေနိုင်တာလည်း
ကိုယ် တွေ့ ကြုံဖူးကြမှာပါ။
နှစ်ဆယ်ရာစု အမေရိကန် စိတ်ပညာရှင် ၀ီလျမ်ဂျိမ်း စ် William James ( ၁၈၄၁ - ၁၉၁၀) ကရေးဖူးတယ်။“ ကျွန်တော်တို့ ခေတ်ကာလရဲ့အကြီးမားဆုံး သော တော်လှန်ပြောင်းလဲမှုကြီး တစ်ရပ်ကတော့
အတွင်းစိတ်သဘောထားကို ပြောင်းလဲလိုက်ခြင်း အားဖြင့် သူတို့ရဲ့ပြင်ပ၊ ဘ၀ အမြင်ရှုထောင့်တွေ့ရှိလာခြင်းပါပဲ“ တဲ့။ နော်မန်ဗင့် ဆင့် ၊ ပီးလ် Norman Vincent Peale( ၁၈၉၈- ၁၉၉၃)
ဆိုတဲ့ အမေရိကန် စာရေးဆရာ၊ ခရစ်ယာန် ဘုန်းတော်ကြီးကလည်း“ဖြစ်ရပ်မှန် အချက်အလက်တွေထက
လူတွေရဲ့ စိတ်သဘောထားက ပိုပြီးအရေးကြီးလှတယ်“ Attitudes are more important than facts ဆိုတာ
ကို မကြာခဏ ထည့်ရေးလေ့ရှိပါတယ်။ ထည့်သွင်းဟောပြောလေ့ရှိခဲ့ပါတယ်။
စာဖတ်သူနဲ့စာရေးသူတို့ရဲ့ သဘောထားအမြင်ဟာ ပကတိဖြစ်ရပ် တွေနဲ့တင် ရပ်တန့်မနေဘူုး။
အဖြစ်မှန် အပေါ်မှာချည်း အဆုံးမသတ်ဘူး။ ထင်မြင်ချက်တွေ၊ မျှော်လင့်မှုတွေ၊ စိုးရိမ်သောကတွေ၊ ကြောက်လန့်မှုတွေ ၊ ကျေနပ်မှုတွေ၊ တောင်စဉ်ရေမရ အတွေး တွေနဲ့လည်း ဆက်နွယ်ပတ်သက်နေတတ်ပါ
တယ်။ဟုတ်တယ်နော်။ဒီသဘောကို သိတဲ့ အဖျက် သမားအချို့ဟာ ကောလာဟလကို လက်နက်အဖြစ်နဲ့
ပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ဆောင်နေကြတာတွေ့ရှိရပါတယ်။ သတိထားဖို့ကောင်းပါတယ်။
သတင်းစာ၊ တီဗွီ ၊ရေ ဒီယို၊ အင်တာနက်၊ဂျာနယ်၊ မဂ္ဂဇင်း တွေက အဖြစ်မှန်၊ အခြေအနေ တွေကို နာရီ
မဆိုင်း အမှန်အတိုင်း ယခင်က ထက် မြန်ဆန်စွာ ပြန်ကြားထုတ်ဝေ နေပေမယ့်လည်း မလို တမာအဖျက် သမား တချို့ ရဲ့ မဟုတ်မဟတ် ကောလဟလကိုလူအချို့ ကဝေေ၀၀ါးဝါး ထင်ယောင်ထင်မှားဖြစ်တုန်းပဲ။
ကြည့်လေနာဂစ် မုန်တိုင်း တိုက်ပြီးစက ကောလဟလ တချို့ ထွက်လာပြန်ပါတယ်။ အဲဒါက “ငလျင်လှုပ်ဦးမယ်
တဲ့“။
ရန်ကုန်ရပ်ကွက်အချို့ တိုက်တွေပေါ် မနေရဲဘဲ တစ် ညနေလုံး၊ တစ်ညလုံး လမ်းပေါ် ထွက်ထိုင်နေကြ ရသတဲ့။ သနားစရာကောင်းတဲ့ ရိုးသား သော ပြည်သူလူထုလေ။ ဘယ်နေ့၊ဘယ်ရက်၊ဘယ်အချန်မှာ၊
ဘယ်နေရာတွင် ငလျင်ကြီးလှုပ်လိမ့်မယ်ဆိုတဲ့စကားဟာမှားမှားမှန်မှန် ၊ သူ့ကို အကြီးအကျယ် တုန်လှုပ်ချောက် ချားအောင် ခြောက်လှန့်နိုင်ခဲ့ တယ်။ ဒီစကားဟာ မဟုတ်ပါဘူုး။ ငလျင်ဆိုတာလှုပ်မယ့် အချိန်
နဲ့ နေရာကိုဘယ်သူမှတိတိကျ ကြိုမသိပါဘူး။ ခေတ်မီတိုးတက်နေလှပါပြီ ဆိုတဲ့ သိပ္ပံ နဲ့နည်းပညာ ကကြိုတင်
သိရှိအောင် ကြိုးစားဆဲပါ။ ငလျင်ကိုကြိုပြီးပြောနိုင်အောင် မသိသေးတာ အသေအချာပါ။ အင်းဆက်တွေ၊
ပိုးမွှားတွေ၊ ဖား၊ဖားပြုတ်၊ တောက်တဲ့ နဲ့ ငှက်အချို့ က သိသလိုလို ထင်ရတယ်။ တိတိကျကျ သိရအောင် သုနေသနတွေ လုပ်နေကြဆဲပါ။ ကမ္ဘာပေါ်မှုာဘယ်သူမှ ငလျင်ကိုကြို မသိနိုင်သေး။
မဟုတ်မမှန်စကားနဲ့ခြောက်လှန့် ခြင်းကို ခံရတာ။မှားမှန်း၊ မဟုတ် မှန်း နောက်မှသိရပေမယ့် လွန်ခဲ့တဲ့သုံးရက်လုံးလုံး ဟုတ်များ ဟုတ်လေမလားလို့တထိတ်ထိတ် စိုးရိမ်ကြောက်လန့်ခံစားခဲ့ကြရပါပြီ။
သုံးလေးရက်လောက်မအိပ်နိုင်။
ဟော....လာပြန်ပြီ။
ရေကြီးဦးမယ်။
မုန်တိုင်းနောက်ထပ် တစ်ခု လာဦးမယ်။
ငလျင်အကြီးအကျယ်လှုပ်မယ်-တဲ့
စသည်စသည် ပြည် သူလူထု ကို ထိတ်လန့်ချောက်ချား အောင် ထုတ် လွှင့် တဲ့မဟုတ်မမှန်ကောလာ
ဟလ တွေဟာ တစ်ခုပြီးတစ်ခု ၊ တစ်မျိုးပြီးတစ်မျိုး ပေါ်ထွက်နေတာ သတိပြုမိပါတယ်။ တမင်သက်သက် ကောက် ကျစ်ညစ်ပတ်တဲ့ အဖျုက်သမားတချို့ရဲ့ ပြည်သူလူထု ကို တိုက်ခိုက်နှိပ်စက်နေတဲ့ ရည်ရွယ်ချက်ပါ။
ုနိုင်ငံတော် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ ခိုင်ခိုင်မာမာ လက်တွဲ စည်းလုံး ပြီး နိုင်ငံတကာချီးကျူး လေစားလောက်တဲ့အောင်မြင်မှု ကြီးတွေ ရရှိနေတာကို မလိုတမာ မကျေနပ်နေတဲ့ အဖျက်အုပ်စု ထုတ်လွှင့် နေတာဖြစ်ပါတယ်။
အခြေအဖြစ်လည်းမရှိပါ။
ဘာအထာက်အထားမှလည်းမရှိပါ။
မော်လမြိုင်ရေကြီးမယ်၊ ချောင်းဆုံမြို့ ရေတတ်လိမ့်မယ် စတဲ့ ကောလာဟလတွေကလည်း ဒေသ ခံပြည်သူ လူထု ကို အစားပျက် ၊အအိပ်ပျက် ချောက်ချားစေပါတယ်။ ဘယ်ကျောင်းက ဘယ်ဘုန်းကြိး ကို
နေ့စဉ်ရက်စက် အိပ်မက်ပေးလလို့ ကြိုသိရတာ၊ဘာဘာညာညာ လုပ်ဇာတ်ခင်းပြီး အကြောင်းပြသူပြတယ်။
(သေသေချာချာ ရေဆုံးရေဖျား လိုက်စိစစ်တော့ ဘယ်သံဃာ တော်ကမှ ဒီလိုမပြောဆိုခဲ့ပါ) သံလွင်ဖြစ်ရေကြီးရင် ဘားအံ၊ ကမာမောင်းလို့ ပြန့်ကျယ်ကွင်းပြင်တွေ ရေတတ်လေ့ ရှိပါတယ်။ ယခင် ကမော်လမြိုင်ကိုတော့ ကြီးကြီးမားမား ရေမတတ်ခဲ့ဖူး ပါဘူးကွယ်။