စွမ်း အင်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူး ချုပ်လွန်းသီသည် ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဇာတိမာန်ခန်းမ၌ ကျင်းပသော ကွမ်းခြကုန်းမြိုနယ် အတွင်း လေဘေးသင့် သေသများအတွက် ထောက်ပံ့ ပစ္စည်း
များ ဖြန့်ဖြူး ရေးနှင့်ပြန်လည်ထူုထောင်ရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိကြသော လုပ်ငန်း ကော်မတီိဝင်များ
နှင့် ဆပ်ကော်မတီဝင်များအား တွေဆုံကာ ထောက်ပံ့ပစ္စည်းများဖြန့်ဖြူးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း
များကို ကြိုး ပမ်း အကောင်အထည်ဖော်သွားကြရန် မှာကြားသည်။
ထို့နောက် ၀န်ကြိးသည် နည်းဗျူဟာမှူးနှင့်အတူ Asia Light Company မှ ဒါရိုက်တာဦး စိုးမြင့် နှင့် အဖွဲ့
တို့ လိုက်ပါလျက်စက်လှေ များဖြင့် ကွမ်းခြံကုန်းမြို့နယ် အတွင်း ရှိ မရမ်း ကျေးရွာနှင့်ဆိပ်ကြီး ကျေးရွာ များသို့
သွားရောက် ကာ ဘုန်းတော်ကြီးကျောင်း များတွင် လှူဖွယ် ၀တ္ထု ပစ္စည်း များလှူ ဒါန်း ၍ လေဘေးသင့် ပြည်သူ များနှင့် ကျေးရွာစာသင်ကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ထောက်ပံ့ပစ္စည်း များနှင့် ကျောင်းသုံး
ပစ္စည်း များ လက်ရောက် ပေးအပ် ခဲ့ပြီး ၀န်ကြီးကလေဘေးသင့် ပြည်သူများအားတွေ့ဆုံ နုတ်ဆက်အားပေး
သည်။
ဝန်ကြီးသည် အမှတ်(၇၇) ခြေမြန်တမ်မဌာန ချုပ်မှ နည်းဗျူဟာမှူး ဗိုည်မှူး ကြီး သန်းနိုင်ဦးနှင့်အတူ ဇွန်
၈ရက် တွင် ကွမ်းခြံကုန်းမြို့နယ် ၌ ပြည်သူများအားအခမဲ့ ရောဂါ စမ်းသပ်ရှာဖွေ ကုသပေးလျက်ရှိသောရန်ကုန်
မြို့မှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သောစုစုပေါင်း ဆေးကုသရေးအဖွဲ့ များ၏ ဆေးကုသပေးမှု အခြေအနေ
များကို သွားရောက်ကြည့်ရှုအားပေးသည်။