ကမ္ဘာပေါ်ရှိ လူသားများအပါအ၀င် သက်ရှိအားလုံး ၏ ပတ်ဝန်းကျင် တွင် လေထု ၊ ရေထု၊ မြေထု ၊သစ်ပင်၊သဘာဝသံယံဇာတပစ္စည်း များဝန်းရံနေသည်။ ကမ္ဘာ့လူသားအားလုံး ဖူလုံ ပြည့်စုံစွာ စားသောက်နေထိုင်ရေး၊ သက်ရှိ အားလုံး ဆက်လက် ရှင်သန်နိုင်ရေးအတွက် သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်မှုရှိ နေရမည်ဖြစ်သည်။
မျက်မှောက်ကာလ တွင် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတု ပြောင်းလဲလျက်ရှိသည်။ ရာသီဥတုပြောင်းလဲလာမှုများကြောင့် ကမ္ဘာနေရာဒေသ အနှံ့အပြား တွင် မုန်တိုင်းတိုက်ခတ်ခြင်း၊
ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ အပူလှိုင်းကျရောက်ခြင်း ၊ ဆီးနှင်းထူထပ်စွာကျရောက်ခြင်း၊ မြေဆီလွှာများ ကွဲအက်ခြေက်သွေ့ခြင်းစသည့် သဘာဝ ပတ်ဝန်းကျင်ပျက်ယွင်းမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။
ယင်းသို့သောအကြောင်းတရားများကြောင့် ကမ္ဘာ့နိုင်ငံတိုင်းက သဘာဝ ပတ်ဝန်ကျင်ဆိုင်ရာယိုယွင်းပျက်စီးမှုများမရှိစေရေးအတွက်အလေးထားဆောင်ရွက် နေကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်စဉ်ဇွန်လ ၅ရက်နေ့ကိုကမ္ဘာ့ပတ် ၀န်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပကာ သဘာဝပတ်ဝန်ကျင်ယိုးယွင်းမှုများ နှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များမှ ကာကွယ်ထိန်းသိမ်းနိုင်ရေး ပညာပေးလှုံဆော်တိုက်တွန်းမှုများက သုံးသပ်ကြသည်။
၁၉၉၀ ပြည့်ုနှစ်မှစ၍ ကမ္ဘာ့အပူချိန်မြင့်မားလာပြီး ၂၀၀၈ ခုနှစ် သည် အပူဆုံးနှစ်ဖြစ်ကြောင်းကမ္ဘာ့မိုးလေ၀သ နှင့်အပူချိန်မြင့်လာပြီး ၂၀၀၈ ခုနှစ်သည် အပူဆုံး နှစ်ဖြစ်ကြောင်းကမ္ဘာ့မိုးလေ၀သ နှင့် အပူချိန်မှတ်တမ်းများအရသိရသည်။
မှန်လုံအိမ်အာနိသင် တိုးမြင့်လာခြင်းသည် ကမ္ဘာကြီးပူနွေးလာစေသည့်အကြောင်းရင်း တစ်ခုဖြစ်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုထည် ပမဏ ကြီးမားမှုမရှိစေရန် မှန်လုံအိမ်အာနိသင်များလျှော့ချကြရမည်ဖြစ်သည်။
ကာဗွန်ဓါတ်ထုတ်လွှတ်မှု လျှော့ချရေး အတွက် လောင်စာသုံးယာဉ်များလျှော့၍သုံးခြင်း၊ ဇိဝလောင်စာများ ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုစုပ်ယူ နိုင်သည့် သစ်တောများမပြုန်းတီးရေးတို့အတွက် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကို ပိုမို ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မရှင် ကို ဖွဲ့စည်းပြီးသစ်ပင်၊ သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး ၊တောရိုင်းတိရ စ္ဆာန်များနှင့် သစ်ပင်ပန်းမန်းများထိန်းသိမ်းစောင့်ရှောက်ရေုးလုပ်ငန်းများ ကိုဖော်ဆောင်လျက်ရှိသည်။လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေပြင်ညစ်ညမ်းမှုနှင့်သစ်တော ပြုန်းတီးမှုသည် သဘာဝ ပတ်ဝန်ကျင်ဆိုင်ရာ ယိုယွင်းမှုများကို ဖြစ်ပေါ်စေသဖြင့် ပြည်သူများအားလုံး ကနိုင်ငံတော်အစိုးရ နှင့် အတူသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် ပူပေါင်း ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် သက်ရှိများအားလုံး ရေရှည် တည်တံ့ နိုင်မည်ဖြစ်ပါသည်။