မြန်မာတို့ မြန်မြန်ဆန်ဆန် နာလည်ပြန်ထူလာခြင်း၏ နောက်ထပ် အဓိက အကြောင်းရင်း တစ်ခုမှာ ပြည်တွင်း အင်အားပင်ဖြစ်၏။ ပြည်တွင်းအင်အားနှင့်ပတ်သပ်၍ စေတနာသဒ္ဓါ တရား ထက်သန်လှသော ပုဂ္ဂလိက နှင့် အဖွဲ့  အစည်း များ၏ အင်တိုက်အားတိုက် ကူညီလှူဒါန်း မှုများကို နိုင်ငံခြားသံတမန်များကပင် အံ့သြချီး ကျူး ကြရသည်။
“ဒေသန္တရအဖွဲ့ အစည်း တွေ ၊ ဆေး အဖွဲ့ တွေ ၊ တချို့ လုပ်ငန်း ရှင် တွေရဲ့ စွမ်းဆောင်မှု ကတော့တကယ်ကိုချီးကျူးစရာပါပဲ၊ ကူညီကယ်ဆယ်ရေးမှာ တကယ့်သူရဲကောင်းတွေပါပဲ“ ဟု ပြောလာသူက ဗြိတိသျှ သံရုံးမှ ဒုတိယအတွင်းဝန် Ruth Bradley Jones ဖြစ်၏။