မျက်မှောက် ကာလတွင်သိပ္ပံ နှင့်နည်းပညာရပ်များ အံ့ မခန်း တိုးတက်ပြောင်းလဲလျက်ရှိသည်။ နိုင်ငံတကာ၌ နည်းပညာအသစ် များ၊ ဆန်းသစ်တီ ထွင် ထားသည့် ခေတ်မီအီလက် ထရွန် နစ်ပစ္စည်း များ ၊ ကွန်ပျူတာ အခြေခံ ခေတ်မီပစ္စည်းများနေ့စဉ် ပေါ်ပေါက် နေသည်ကို တွေ့ ရသ ည်။
ယင်းသို့သော အခြေအနေမျိုးတွင်မြန်မာနိုင်ငံကဲ့သို့ ဖွံ့ ဖြိုးဆဲနိုင်ငံ များအနေဖြင့် နိုင်ငံတကာနှင့်အမီ လိုက်ပါ ဖွံဖြိုး တိုးတက်ရေး ကြိုးပမ်း အားထုတ် ကြရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေး
ကဏ္ဍစုံမှထိုး ဖောက် ခြယ်လှယ် လွှမ်းမိုးမှုများ မှ ကာကွယ်ရေး၊ အမျိုးသား ယဉ်ကျေးမှုနှင့် လူမှုရေးတန်ဖိုး များ
ထိန်းသိမ်း စောင့်ရှောက်ရေးသည့်  အမျိုးသားရေး တာဝန်များကိုလည်း ထမ်းရွက် ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက နိုင်ငံနှင့်လူမျိုး အဘက်ဘက်က ခေတ်မီဖွံ့ ဖြိုးတိုးတက် လာစေရေး ကြိုးပမ်းလျက်ရှိရာ တွင်အမျိုးသား ပညာရည် မြင့်မားရေး အပါအ၀င် စီးပွားရေး ၊ ကျန်းမာရေး၊ လူမှုရေး စသည့် နယ်ပယ်စုံ၊ ကဏ္ဍ စုံ၌ ဖွံ့ ဖြိုးရေးအခြေခံ အဆောက်အအုံများစွာ ကိုတည်ဆောက်ဖြည့် ဆည်းပေးထားပြီးဖြစ်သည်။
အမျိုးသားပညာ ရည် မြင့်မား ရေး ဖော်ဆောင်ရာတွင် အခြေခံပညာ ကဏ္ဍအထိ ခေတ်မီ သင်ကြားမှု ၊
သင်ယူမှုနည်းစနစ်များ ၊ ခေတ်မီ ၀ိဇ္ဖာ နှင့် သိပညာရပ်များ၊ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာ များကို ပို့
ချ ပေးလျက်ရှိသည်။ ရေကြောင်းသိပ္ပံပညာရပ်များ၊သင်ယူနိုင်ရေး အတွက်ထူထောင်းပေးခဲ့သည်။