မုန်တိုင်းသင့်ပြဘည်သူများအတွက် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ဆက်လက်ပေးပို့လှူဒါန်း
မုန်တိုင်းသင့်ပြည်သူများအတွက် ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများနှင့် တပ်မတော်မိသားစုများက အမျိုးသားရေးစိတ်ဓာတ်အရင်းခံဖြင့်ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ဆက်လက်ပေးပို့လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ စေတနာရှင်ပြည်သူများက ငွေကျပ် ၅၉၄၅၈၀၀ တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများနှင့် မွန်ပြည်နယ်မှ စေတနာရှင်ပြည်သူများက ငွေကျပ် ၇၅၈၂၀၅၀ တန်ဖိုးရှိ ငွေနှင့်ဆားပိဿာ ၁၅၀၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြပြီးဘဏ္ဍာငွေလက်ခံရေးနှင့် ထုတ်ပေးရးဆပ်ကော်မတီသို့ လာရောက်လှူဒါန်းငွေကျပ် ၂၆၈ သိန်းအပါအဝင် စေတနာရှင်ပြည်သူများ၏ ယနေ့လှူဒါန်းသည့်ငွေနှင့်ထောက်ပံ့ရေးပစ္စည်းစုစုပေါင်းတန်ဖိုးမှာငွေကျပ် ၄၀၃၂၇၈၅၀ ဖြစ်၍ ဇွန် ၁၁ ရက်ထိလှူန်ဒါန်းသည့်ငွေနှင့် ထောက်ပံ့ရေးပစ္စည်းစုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၂၁၇၇၃၂၄၀၆၀ ရှိပြီဖြစ်ကြောင်းသိရသည်။
0 comments:
Post a Comment