ကျန်းမာကြံ့ခိုင်ရေးသည် လူတိုင်းအတွက် အလေးထားရမည့် လိုအပ်ချက်ဖြစ်သည်။ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်မှု လုပ်ငန်းသည် အရေးပါ၍ ထိရောက်မှုအရှိဆုံး ဖြစ်သည်။
ပြည်သူများ ရောဂါဘယကင်းဝေးစေရေးအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ ရာသီအလိုက် စနစ်တကျ နေထိုင်စားသောက်ရန် သတိပေးနှိုးဆော်ခြင်းတို့ဖြင့် အသိပညာပေးလျက် ရှိသည်။
ယခုအခါ မိုးရာသီသို့ ၀င်ရောက်လာပြီဖြစ်ရာ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ ၀မ်းပျက်ဝမ်းလျှောရောဂါ၊ နှာစေးချောင်းဆိုးနှင့် အဆုတ်အအေးမိရောဂါများ ဖြစ်ပွားနိုင်သဖြင့် ကြိုတင်ကာကွယ်ကြရမည် ဖြစ်သည်။
အဆိုပါကာလတွင် ခြင်ပေါက်ပွားမှု အများဆုံးဖြစ်၍ သွေး လွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုပိုမိုများပြားသည်။ သွေးလွန်တုပ်ကွေးရော၈ါသည်ရေတွင်း ၊ရေအိုင်၊ရေစည် ရေအိုများတွင် ပေါက်ပွား သောခြင် ပုန်း ၊ ခြင်ကျား အကိုက်ခံရမှုမှ တစ်ဆင့် ကူးစက် ပြန့်ပွား တတ်ခြင်းဖြစ်၍ ခြင်နှိမ်နင်းရေး လုပ်ငန်းများကိုအလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
နွေအကုန် မိုးအကူးရူာသီ တွင် ၀မ်းပျက် ၀မ်းလျှော ရောဂါ ဖြစ်ပွားတတ်သဖြင့် အမှည့်လွန်အသီးများ ၊ ယင်နားစာများအပြင် မသန့်ရှင် သည့် သောက်သုံးရေများ သောက်သုံးခြင်းမပြုမိစေရန် သတိပြု ရှောင်ကြဉ်
ရမည်ဖြစ်သည်။
ထို့ပြင်ကူး စက်ရောပါများ အများဆုံး ဖြစ်နိုင်သည့် ခြင်နှင့် ယင် တို့ မပေါက်ပွား စေရေး အတွက် ပတ်ဝန် ကျင်
သန့်ရှင်းရေးကို အမြဲမပြတ် ဆောင်ရွက်ကာ တစ်ကိုယ်ရေ သန့် ရှင်းရေး အလေးထားပြီးကြိုတင် ကာကွယ်
မှုလုပ်ငန်းများကိုဂရုတစိုက် လုပ်ဆောင်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာရာသီအပြောင်းအလဲတွင် ကူးစက်ရောဂါများ မဖြစ်ပေါ် စေရေးအတွက် ဒေသဆိုင်ရာ အဖွဲ့အစည်း များ၊ လူမှု ရေအသင်း အဖွဲများ နှင့် စေတနာရှင် ပြည်သူများက ပတ်ဝန်ကျင် သန့်ရှင်းရေး ကိုအမြဲမပြတ် ဆောင်ရွက် ကာ တစ်ကိုယ်ရေ သန့်ရှင် ရေး အလေးထားပြီး ကြိုတင် ကာကွယ် မှုလုပ်ငန်းများကိုဂရုတစိုက် လုပ်ဆောင်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ရာသီအပြောင်းအလဲတွင် ကူးစက်ရောဂါ များ မဖြစ်ပေါ် စေရေး အတွက် ဒေသ ဆိုင်ရာ အဖွဲ့ အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင် ပြည်သူများက ပတ်ဝန်ကျင် သန့်ရှင်ရေုးလုပ်ငန်းများကို ၀ိုင်းဝန်းဖော်ဆောင်ခြင်းဖြင့် ခြင်၊ ယင် ကြောင့် ဖြစ်ပွား တတ်သော ရောဂါများ ဘေးမှ ကင်းဝေးကြမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

0 comments:
Post a Comment