ကော့မှူး နှင့် ကွမ်း ခြံ ကုန်း မြို့ နယ် များ ဓါတ်အား လိုင်း သွယ်တန်း ချိတိဆက်ခြင်းနှင့် ပြန်လည် ဆယ်တင် သိမ်းဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်
အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာ န ၀န်ကြီး ဗိုည်ချုပ် ခင်မောင်မြင့် သည် ဇွန် ၆ရက် နံနက် ၁၀နာရီခွဲ တွင် ရန် ကုန် မြို့တော် လျှပ်စစ်ဓါတ်အားပေး ရေးအဖွဲ့ ဥက္က ဌ ဗိုလ် မှူးကြီး ခင်မောင်စိုး နှင့် တာဝန်ရှိသူ များ လိုက်ပါလျက် ရန်ကုန် တောင်ပိုင်းခရိုင် တွံတေးမြို့နယ်ကံဘဲ့ကျေးရွာ လမ်း ဆုံမှ ကော့မှူးမြို့နယ် သို့ သွယ်တန်းသည့် 33KV ဓါတ်အား လိုင်းတိုင် ၃၀၈ တိုင်ကျိုး ကျပျက်စီးမှုအနက် ဘုရားကြီးကျေးရွာအနီးရှိ 33KV
ဓါတ်အားလိုင်းတိုင် အပျက်အစီးများ အားကရိန် ယာဉ် အသုံး ပြု၍ တင်ဆောင် နေမှုနှင့် ကော့မှူး မြို့နယ်အတွင်း
33KV ဓါတ်အားလိုင်း နှစ်တိုင်စင်လဲကျပျက်စီးမှု ကို ဆယ်တင် ထိန်းသိမ်း နေမှု အခြေအနေ တို့အား ကြည့် ရှု စစ်
ဆေးပြီး ဓါတ်အားလိုင်း အဟောင်းများသိမ်းဆည် ခြင်း လုပ်ငန်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အန္တ ရာယ် ကင်းရှင်းစေ ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ၀န်ကြီးနှင့် အဖွဲ့သည် ကော့မှူးနှင့် ကွမ်းခြံကုန်း မြို့နယ် ကားလမ်းတစ်လျှောက် ကျိုးကျပျက်စီး လျက်ရှိသော 33KV ဓါတ်အားလိုင်း များ အား လျှပ်စစ်ကျွမ်ကျင် လုပ်သာများ ဖြင့် ပြန်လည်ဆယ်တင် သိမ်းဆည်း ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှု ၊ကော့မှူး ၊ ကွမ်းခြံ ကုန်း မြို့နယ်မှဒေးဒရဲ
မြို့နယ် သို့ ချိတ်ဆက်သွယ်တန်းသည့် 33KV မြစ်ကျော်တာဝါ တိုင်များ အခြေအနေ နှင့် အစားထိုး တည် ဆောက်ရန် ဓါတ်အားလိုင်းတိုင် အသစ်များ ရောက်ရှိ နေရာ ချထားမှု အခြေအနေများကို လှည့် လည် ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်သည်များ မှာကြားဖြည့် ဆည်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ၀န်ကြီး နှင့်အဖွဲ့သည် မွန်းလွဲ ၂ နာရီတွင် ကွမ်းခြံ ကုန်းမြိုနယ် အုပ်ချုပ်ရေးမှူး ရုံးသို့ ရောက်ရှိ 33/11 KV ( 2.5 MVA)ထရန်စဖော် မာနှင့် မြို့တွင်း သို့ ဖြန့် ဖြူး ပို့လွှတ် သည့် 300KVA ထရန် စဖော်မာ အခြေအနေ ၊ ရုံး အဆောက် အအုံနှင့် ၀န်ထမ်း အိမ်ရာ အသစ် ဆောက်လုပ်နေမှု အခြေအနေ၊ ပြန် လည် ဆယ်တင် သိမ်း ဆည်းထားရှိ သော ဓါတ်အားလိုင်းကြိုးများနှင့် ကြွေသီးများ အခြေအနေ တို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ် ချက်များ မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက်ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် နှင့် အဖွဲ့ သည် ကွမ်းခြံကုန်း နှင့်ကော့မှူး မြို့နယ် ကားလမ်း မတစ်လျှေက် လဲကျ ပျက်စီးနေသော 33 KV ဓါတ်အားလိုင်း ပြန်လည် ဆယ်တင် သိမ်းဆည်းခြင်း လုပ်ငန်း များ
ဆောင်ရွက် နေမှု ၊ မြို့တွင်း သို့ ဓါတ်အားလိုင်း ချိတ်ဆက်သွယ်တန်း နေမှု အခြေအနေ များအားကြည့်ရှု
စစ်ဆေးပြီး လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment