နာဂစ်မုန်တိုင်း မြန်မာနိုင်ငံကိုဝင်ရောက် မွှေနှောက်ပြီး မြန်မာ နိုင်ငံသားတို့် ၏ အသက်ပေါင်းများစွာ နှင့် ပစွည်း ဥစ္စာ တို့ကို ဖျက်ဆီးခဲ့သည်မှာ တစ်လကျော်လွန်ခဲ့ပါပြီ ။ နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ မှနေ၍ ထိုင်းနိုင်ငံ သို့ ၀င်ရောက်ပြီးပျောက်ကွယ်သွားခဲ့ပါသည်။ နာဂစ်မုန်းတိုင်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း
နာဂစ်ထက်ဆိုးသည့် ရန်သူက တစ်စခန်းထလာပြန်သည်။သူခိုး ဓားပြထက်ဆိုးတဲ့ရန်သူမှာ မီး ဖြစ်သကဲ့သို့ နာဂစ်
ထက်ဆိုးသည့်ရန်သူကား မည်သူပါနည်း။
နာဂစ်မုန်တိုင်း ၀င်ရောက် တိုက်ခတ်ပြီးနောက် အသက်မသေဘဲကျန်ရစ်ခဲ့သော လေဘေးဒုက္ခ သည်များကို ပြည်ပနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပမှအဖွဲ့ အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များက စေတနာသဒ္ဓါတက်သန်စွာ ကူညီထောက်ပံ့ လှူဒါန်းလျက်ရှိနေကြပါသည်။ စေတနာသန့် သန့်ဖြင့် နိုင်ငံရေး ပယောဂ များ၊ နှောင်ကြိုးများမပါသည့် ကူညီထောက်ပံ့လှူဒါန်းမှုများကိုနိုင်ငံတော် အစိုးရနှင့်တကွ မြန်မာပြည်သူတစ်ရပ်လုံးက ကျေးဇူး တင် ၀မ်းမြောက်စွာ ကြိုဆိုလက်ခံ လျက်ရှိကြပါသည်။ထိုသို့ ပြည်တွင်းပြည်ပမှ အလှူရှင်များသဒ္ဓါ တရား ထက်သန်စွာ လှူဒါန်းကြသည်မှာ ဘာမျှ မကြာသေး ၊ ပြည်ပအသံလွှင့် ဌာနတို့မှနေ၍ အသံ တစ်သံ ထွက်လာသည်။ ပြည်ပအသံလွှင့် ဌာန တို့၏ဖောက်သည်ဖြစ်နေသူတစ်ဦးက လေဘေးဒုက္ခ သည်တွေ အတွက်ကူညီလိုက်တဲ့ခေါက်ဆွဲ ခြောက်ထုပ် တွေ ဒုက္ခ သည်တွေရသလား မရသလား တော့မသိဘူး၊ ညောင်ပင်လေးဈေးမှာဝယ်စားလို့ရနေပြီဟုေ ပြာဆို
သွားသည်ကို ကြားလိုက်ရပါသည်။ နိုင်ငံ ခြား ခေါက်ဆွဲ ခြောက် ထုပ်ဆို သည်မှာ ယခင်ကတည်းက စတိုး
ဆိုင်များ ၊ ကုန်တိုက်များ၊ ဈေးကြီးများတွင်ရှိပါသည်။လေဘေးဒုက္ခ သည် တို့က မိမိတို့ရတားသောခေါက်ဆွဲ ခြောက်ထုပ် များကိုမစားရက်မသောက်ရက်ဘဲငွေပေါ်အောင်ပြန်ရောင်းစား တာလည်း ဖြစ် နိုင်ပါသည်။ ထိုလူ
ပြော သံကြား ပြီးနောက် ဆိုင် များပေါ်တွင် နိုင်ငံခြား ခေါက်ဆွဲ ခြောက်ထုပ်များရှိသလားဟု ကျွန်တော် သတိထားကြည့်ရာမတွေ့ ရပါ။ များများစားစားမဟုတ်ဘဲ တစ်ထုပ် တလေ အပြင်ရောက်လာတာကို ပုံကြီးချဲ့ ပြီး ပြည်ပမှလှူဒါန်ုးသည့်ပစ္စည်း များ ဈေးကွက်ထဲရောက်နေပြီဟု ပြည်ပ အသံလွှင့် ဌာနများနှင့် အပေါင်းပါဖြစ်သူ ထိုသူ ၏ပြောဆိုမှုသည် အလှူရှင် နိုင်ငံများနှင့် အဖွဲ့ အစည်း တို့၏ သဒ္ဓါတရားကိုလျော့ပါး
သွားအောင် ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။
ပြည်ပအသံလွှင့် ဌာနများနှင့် အပေါင်းပါတို့က ပြည်ပ မှ လှူဒါန်းလိုက်သည့် သွပ်များကိုကုန်တင်ကားကြီးဖြင့်ဘုရင့်နောင်ဈေး အိမ်ဆောက်ပစ္စည်းဆိုင် တွင် လာရောင်း သည်ကို တွေ့မြင်ရပါသည်ဟု ပြောဆိုသွားသည်ကိုကြားလိုက်ရပါသည်။ သို့ရာတွင် ထိုတွေ့မြင်သူသည် ကားနံပါတ် ဘယ်လောက်ဖြစ်သည်ကိုပြောမသွားပါ။ အိမ် ဆောက်ပစ္စည်းဆိုင်တိုင်းတွင် ဘိလပ်မြေ၊ သွပ် ၊ သံချောင်း စသည့် အိမ်ဆောက်ပစ္စည်းများကို ကုန်တင်ကား များဖြင့် ထုတ်တာ၊ သွင်းတာ ရှိပါလိမ့်မည်။ဤ သို့ အခြေ
အမြစ်မရှိဘဲ ယုန်ထင်ကြောင်ထင် ဖြစ်အောင် ပြောဆိုထုတ်လွှင့်ခြင်းသည်အလှူရှင် နိုင်ငံများ၊ အဖွဲ့ အစည်းများက မြန်မာနိုင်ငံနှင့်မြန်မာ လူမျိုးတို့အပေါ် ယုံကြည်မှုပျက်ပြားအောင် တမင်သက်သက် လီဆယ်
ုလုပ်ကြံခြင်း ဖြစ်ပါသည်။
၂၉-၅- ၂၀၀၈ ရက်နေ့ထုတ်ကြေးမုံသတင်းစာတွင် ဆောင်းပါး ရှင် လှိုင်အောင်၏ ” နှစ်အကူးမှာတော့ ပုရစ် ဖူးတို့ ဝေကြ ပေလိမ့်မည်” ဆောင်းပါးကိုဖတ်လိုက်ရပါသည်။ ထိုဆောင်းပါးသည် သုတရသ မြောက်သော ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ ထိုဆောင်းပါးတွင်နိုင်ငံတကာမှလှူဒါန်းသည့် ချောကလက်တောင့် များမစားရလျှင်လည်း ဧရာဝတီသားတို့ ကိုယ့်အားကိုယ်ကိုးအသက် ရှင်သန်နိုင်ပါသည် ။ လယ်ကြားမြောင်းကြားထဲမှငါးများ ၊ ဖားများနှင့် အလေ့ကျပေါက်နေသော မှို နတို၊ ကညွတ်တို့ကို ခူးစားပြီး ဧရာဝတီသား တို့ ကိုယ်အားကိုယ်ကိုး ရှင်သန်နိုင်ပါသည်ဟုရေးသားထားပါသည် ။ ထို့သို့ရေးသားခြင်းသည် ဆောင်ပါး ရှင် လှိုင်အောင်အနေဖြင့် အလှူ ရှင် များနှင့် အဖွဲ့အစည်းများကို စော်ကားမော်ကားရေးလိုက်ခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေ မှန်ကိုဖွင့် ဟပြောဆိုပြီး လေဘေးဒုက္ခ သည် မြန်မာတို့ကို လမ်းပြအားပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုဆောင်းပါးထဲ၌ ယခုနာဂစ် မုန်တိုင်း၏ အဖျက်အင်အားကြောင့် ကြီးမားစွာ ထိခိုက်ပျက်စီး ဆုံးရှုံး မှုအတွက် နိုင်ငံတကာမိသားစုမှ စေတနာ
အပြည့်ဖြင့် ထောက်ပံ့ ကူညီသည်များကို မြန်မာ ပြည်သူတို့က လှိုက်လှဲဝမ်းသာစွာ လက်ကမ်းကြိုဆိုပါသည်။ ယာယီအားဖြင့် ခေါက်ဆွဲ ခြောက်ထုပ် နှင့် ဘီစကွတ် မုန့် ထုပ် တို့ လိုကောင်းလိုပါလိမ့်မည်ဟု ရေးသားထားသည်ကို ကြည့်ခြင်းအားဖြင့် ဆောင်းပါးရှင်လှိုင် အောင် သည်အလှူရှင် နိုင်ငံများ၊ အဖွဲ့အစည်း များ စေတနာ ပျက်အောင် အလှူရှင်များကို စော်ကား ရေးသားခြင်းမဟုတ်ကြောင်း သိသာနိုင်ပါသည် “ အတ္တာဟိ အတ္တနော နာထော“ မိမိ ကိုယ်သာကိုးကွယ် အားထားရာ ဆိုသည့်ဗုဒ္ဓ ဘုရားရှင် ၏တရားတော်အ
တိုင်း မုန်တိုင်းဒဏ် ခံရသောဧရာဝတီသားတို့ ကိုယ့် အားကိုယ် ကိုးကြရန် ဆောင်းပါးရှင်လှိုင်အောင်က တိုက်တွန်း ရေးသားလိုက် ခြင်းသာဖြစ်ပါသည်။
“ နိုင်ငံ တကာမှ လှူဒါန်းသည့် ချောကလက်များ မစားရလျှင် လည်း ကိုယ့်အားကိုယ်ကိုး အသက်ရှင်နိုင်ပါသည်” ဆိုသောဆောင်းပါးရှင် လှိုင်အောင်၏စာပိုဒ်တစ်ပိုဒ် ကို အထအန ကောက်ပြီးပြည်ပ အသံလွှင့် ဌာနတို့ကို ပြက်ရယ်ပြု ပြောဆိုလာကြသည်။အလှူ ရှင်နိုင်ငံများ နှင့် အဖွဲ့ အစည်းများ စေတနာသ
ဒ္ဓါ ပျက်အောင် လှုံ့ဆော်လာကြသည်။ ထိုသို့ ပြက်ရယ် ပြုပြောဆို နေကြသည်မှာ တစ်ရက်လည်း ၊ နှစ်ရက်လည်း မဟုတ်၊ သုံးလေးရက်တိုင်ကြားနေရပါသည်။ဤ သို့ ပြည်ပအသံလွှင့် ဌာန တို့၏ လုပ်ဆောင်မှု များသည် နောက်ဆုံး တွင်မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူတို့ကို သာ ထိခိုက်နစ်နာစေမည်ဖြစ်သည်။
ပြည်ပအသံလွှင့် ဌာနတို့၏ ဖောက်သည်တစ်ဦးကလည်း ဒုက္ခသည် ဧရာဝတီသားတွေချောကလက်တို့
ဘီစကွက် တို့မှ မစား ရရင် ဘာစားရမလဲ၊ လူသေကောင်တွေစားရမလားဟု မိုက်ရိုင်းစွာပြောဆိုသွားပါသည်။
ကျွန်တော်ငါးမင်းဆွေ ဟာ ငါး၊ ပုစွန် သားဖောက် မွေးမြူ သူတစ်ယောက်ဖြစ်တဲ့အတွက် ငါး ၊ပုစွန် အကြောင်းကို အတော်အတန် သိပါတယ်။ မေလဆိုတာ ငါးရစ်တက်ချိန်ပါ။ ဒီနှစ်ဧရာဝတီမှာ ဥပါတဲ့ ငါးရစ် တွေကို ဘယ်သူမှ မဖမ်းလိုက်ရပါဘူး ။ ဥပါတဲ့ငါးတစ်ကောင်၊ပုစွန် တစ်ကောင် ၊ ကဏန်း တစ်ကောင်ကနေ သားပေါက်သိန်းသန်းချီပြိး ပေါက်ပါတယ်။ ပေါက်လာတဲ့ ငါး၊ ပုစွန် ၊ဂဏန်း သားပေါက်ငယ်လေးတွေဟာ
သူတို့ပတ်ဝန်းကျင်မှာ ခါတိုင်းထက် အစာ ရေစာ ပေါများတာကြောင့် ရှင်သန်နူန်း ကောင်းကြပါလိမ့်မယ်။
ဒါကြောင့် ဒီနှစ် ဧရာဝတီတိုင်း မှာ သားငါးပုစွန်အများကြီး ပေါများပါလိမ့်မယ်။ဆောင်းပါးရှင်လှိုင်အော်ပြောသ
လို ဧရာဝတီ သားတွေဟာ ငါးပုစွန်ကိုကွန်ပစ်ပြီး ဖမ်းစရာတောင်မလိုပါဘူး။ လက်နဲ့ လိုက်စမ်း ရုံနှင့် ဟင်းစားရဖို့ မခဲယဉ်း ဘူးဆိုတာသိစေချင်ပါတယ်။
နိုင်ငံရေးပယောကများနှင့် နှောင်ကြိုးမပါသည့် စိတ်စေတနာသန့်သန့် ဖြင့် ကူညီသော မည်သည့်နိုင်ငံ၏ အကူအညီမျိုးကိုမဆို ကျေးဇူး တင်စွာ လက်ခံ လျက်ရှိကြောင်း နိုင်ငံ တော်ဝန်ကြီးချုပ် က မေလ ၂၅ရက်နေ့တွင် ပြုလုပ်ခဲ့သော ကွန်ဖရင့် တွင် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ပြောကြားချက်သည် နိုင်ငံတော်အစိုးရ၏ သဘောထားပင်ဖြစ်ပါသည်။ မြန်မာပြည်သူ
တို့ကလည်း နိုင်ငံတော်အစိုးရနှင့်တစ်သဘောတည်းပင်ဖြစ်ကြပါသည်။ မိမိနိုင်ငံကို ခြေ တော်တင်အသုံးချမည့် အကြံအစည် ဖြင့် လှူဒါန်း မှု မျိုးကို မျိုးချစ်စိတ်ဓါတ်ရှိ သောမြန်မာတိုင်းက ဆန့်ကျင်ကြမည်သာဖြစ်ပါသည်။
သမီးပျိုကို ခြေတော်တင် ဖျက်ဆီး မည့်အကြံဖြင့် ပေးကမ်းထောက်ပံ့ လာသောငွေကြေးချမ်းသာသူတစ်ယောက်၏ ကူညီထောက်ပံ့မှုမျိုးကို ဘယ်မိဘမောင်ဖားကမှ လက်ခံ ကြမည်မဟုတ်ပါဤသည်မှာမြန်မာတို့၏ စိတ်ဓါတ်အရင်းခံဖြစ်ပါသည်။
အနောက်အုပ်စုနိုင်ငံကြီးအချို့ သည် မြန်မာနိုင်ငံကို ခြေတော်တင်အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် စီးပွား
ဒဏ်ခတ် ပိတ်ဆို့မှု များကို အကြံပက်စက်စွာ လုပ်ဆောင်လျက်ရှိကြပါသည်။ စီးပွားရေးချွတ်ခြုံကျလာပါက ၎င်း
တို့အားဒူးထောက်လာမည်ဟု ထင်မှတ်နေပုံ ရကြသည်။ သို့သော် နိုင်ငံတော် အစိုးရ ၊ ပြည်သူနှင့် တပ်မတော်တို့သည် စည်းလုံး ညီညွှတ်စွာ ကိုယ့်လမ်း ကိုယ်ထွင်၊ကိုယ်ခရီး ကိုယ်နှင်ခဲ့ကြရာ ယခုအခါ ရည်မှန်းချက် ပန်းတိုင် သို့ ရောက်လုနီးပြီ ဖြစ်ပါသည်။ ပန်းတိုင်ရောက်လုနီးအချိန်တွင် ကံကြမ္မာ မုန်တိုင်း က ကျွန်တော်တို့ကို ဒုက္ခ ပေးခဲ့သည်။ မည်သို့ပင် ဘေးအန္တရာယ် များနှင့် ရင်ဆိုင်စေကာမူ မြန်မာတို့သည်
ဇွဲံ ၊ လုံ့လ ၀ီရိယတို့ဖြင့် ဆက်လက်ချီတက်လျှောက်လှမ်းခဲ့ကြသည်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို တစ်ခဲနက်
ထောက်ခံအတည်ပြုနိုင်ခဲ့ကြပါသည်။ဤသို့ မြန်မာ တို့၏ စည်းလုံးညီညွတ်မှုနှင့် ဇွဲ သတ္တိ တို့ကို ကြည့်ပြီး အနောက် အုပ်စုနိုင်ငံကြီးတို့သည် မိမိတို့၏ စီးပွားဒဏ်ခတ် ပိတ်ဆို့မှုတွေ ဟာ အလုပ်မဖြစ်ပါကလား ဆိုသည်ကိုသိကြ ဖို့ကောင်းပါပြီ။ ယခုလို အချိန်အခါ မျိုးတွင် အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံကို စိတ်စေတနာသန့်သန့်ဖြင့် ရက်ရက်ရောရော ထိထိရောက်ရောက်ကူညီကြပါလျှင် နာစရာရှိ လျှင် လွမ်းစရာနှင့်
ဖြေတတ်ကြသော မြန်မာတို့သည် အနောက်အုပ်စု ၏စီးပွားဒဏ်ခတ် ပိတ်ဆို့မှုကြောင့် အနောက်အုပ်စု အပေါ်ဖြစ်ပေါ် နေသောနာကြည်းမှုများကိုမေ့ပစ်လိုက်နိုင်ကြပါလိမ့်မည်။
0 comments:
Post a Comment