လုပ်ငန်းများအချိန်တိုအတွင်း ထိရောက်အောင်မြင်ရေး အမျိုးသားရေးစိတ်ဓါတ် ထက်သန်စွုာဆောင်ရွက်
ငလျင်လှုပ်ခြင်း၊ မုန်းတိုင်းတိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီးခြင်းစသည်တို့သည် ကမ္ဘာနှင့်အ၀န်းဖြစ်ပွားတ်ပြီး လူတို့၏ အသက်အိုးအိမ်စည်းစိမ်များခဏအတွင်းပျက်စီး ဆုံးရှုံးစေနိုင်သည့်
သဘာဝ ဘေးအန္တရာယ်များဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာသေးမီကကြီးမားသောသဘာဝဘေးအန္တရာယ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုနှင့်
တွေ့ကြုံခဲ့ရာ လူ့အသက်ပေါင်းများစွာသာမက ငွေကျပ်ဘီလီယံ နှင့်ချီသည့်ပိုင်ဆိုင်မှုများဆုံးရှုံးခဲ့ရသည်။
မုန်တိုင်းစဲသွားပြီးနောက်နိုင်ငံတော်ကလေဘေးသင့်ဒေသများ၌ကယ် ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး သဘာဝဘေးအန္တရာယ်ရေရှည် ကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်လိုက်ဘဏ္ဍာငွေအမြောက်အမြား ကျခံသုံးစွဲဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အပိုင်းကကယ်ဆယ်ရေးလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်နိုင်ခဲ့သဖြင့်ယခုအခါမြို့ပြ၊ ကျေးရွာ ပြန်လည်ထုထောင်ရေးသာမက ဒေသခံများ၏ လူမူစီးပွားဘ၀ မြင့်မားရေးအတွက်ပါ ပြသူများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များကအရှန်အဟုန်မြှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
လေဘေးသင့်ဒေသများ၌ ပျက်စီးသွားသောကျေးရွာ ပြန်လည်တည်ဆောက်ရေး၊ ယာယီ လူနေအဆောက် အအုံများတွင် ဒေသခံများပြန်လည်နေထိုင်ရေး ၊လမ်းပန်းဆက်သွယ်ရေး၊ကျန်းမာရေး၊ဆက်သွယ်ရေးစနစ်နှင့်လျှပ်စစ်မီးပြန်လည်ရရှိရေးအပါအ၀င် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ကုမ္ပဏီများ၏ ပူးပေါင်းကူညီမှုဖြင့်အလျင်အမြန်ဆောင်ရွက်နေပြီဖြစ်သည်။
0 comments:
Post a Comment