အင်္ဂလန်နိုင်ငံ၌ လေယာဉ်တစ်စင်း လူနေရပ်ကွက်အတွင်းပျက်ကျ
အင်္ဂလန်နိုင်ငံ အရှ့တောင်ပိုင်း ကင့်(န်) ပြည်နယ် ဖန်းဘိုရော့မြို့၌ မတ်၃၀ရက်က လေယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်သုံးဦး လိုက်ပါလာသော လေယာဉ်ငယ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။
ပျက်ကျ
အဆိုပါလေယာဉ်ငယ်သည် ဘစ်ဂျင်းတောင်လေဆိပ်မှ ပျံတက်သွားပြီး မကြာမီ ဒေသစံတော်ချိန် ၁၄နာရီမိနစ် ၃၀တွင် ပျက်ကျသွားခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောကြားသည်။
သေဆုံး
၎င်းလေယာဉ်သည် လူနေရပ်ကွက်အတွင်း နေအိမ်များပေါ်သို့ ပျက်ကျခဲ့သဖြင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း၊ လိုက်ပါသွားသူများအားလုံး သေဆုံးသွားကြောင်းသိရသည်။

0 comments:
Post a Comment