အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်စခန်းများကို မတ်၂၉ရက်က တူရကီတပ်များသည် လေကြောင်းနှင့် အမြောက်များသုံး၍ တိုက်ခိုက်ခဲ့ကြောင်း တူရကီတပ်များက မတ်၃၀ရက်တွင် ပြောကြားသည်။

သေဆုံး

ယင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၁၅ဦးသေဆုံးသွားကြောင်း တူရကီနိုင်ငံရှိ ပစ်မှတ်များကို ကာ့ဒ်သူပုန်များက တိုက်ခိုက်ရန် စီစဉ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တူရကီစစ်ဘက်က ပြောကြားသည်။ တူရကီလေတပ်က မတ်၂၈ရက်တွင်လည်း ကာ့ဒ်သူပုန်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့်လက တူရကီတပ်များက အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များကို သီတင်းပတ်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တူရကီတပ်များသည် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နေသော သူပုန်များ၏ ခြေကုပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်နေ

အဆိုပါ သူပုန်အခြေစိုက်စခန်းများတွင် ကာ့ဒ်သူပုန် ၃၀၀၀ကျော်ခန့် ခြေကုပ်ယူလျက် တူရကီနိုင်ငံအတွင်း မကြာခဏ တိုက်ခိုက်နေခြင်းကြောင့် အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်သွားမည် ဖြစ်ကြောင်း တူရကီတို့က ပြောကြားသည်