အစ္စလာဘတ်မြို့ရှိ အီတလီစားသောက်ဆိုင်တစ်ဆိုင်အတွင်း၌ ဗုံး ပေါက်မှုဖြစ်ပွားပြီးနောက် လူပေါင်း ၂၃၂ ဦး ကိုဖမ်းဆီးခဲ့ကြောင်းပါကစ္စတန်ရဲတပ်ဖွဲ့မှ အထက်တန်း ရဲအရာရှိ ဆေး ကာလင်အိုင်မန်၏ပြောကြားချက်ကို နယူး နက်ဝေါ့ခ် အင်တာနေရှင်နယ်သတင်း၌ ဖော် ပြထားသည်။ ပါကစ္စ တန်ရှိ အမေရိကန် သံရုံး မှ လုံခြုံ ရေး အရာရှိ များကလည်း ပေါက်ကွဲ မှုဖြစ်ပွားရာနေရာသို့ သွားရောက်ပြီး အမှုမှန် ပေါ်ပေါက်အောင် သက်သေအထောက်အထားများရှာဖွေကြသည်။ သို့သော် ထိုစုံ စမ်းမှုတွင် အမေရိကန် တို့ ပါဝင်ခြင်းကို ပါကစ္စ တန်ရဲ အရာရှိကငြင်းဆိုသည်။ထိုဗုံး ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါ်က်စေရန် ပါကစ္စ တန်ရဲအရာရှိများကသာလျှင်စုံစမ်းစစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း၎င်းက ပြောကြားသည်။ အဆိုပါ စားသောက်ဆိုင် ပေါက်ကွဲမှုတွင် အမေရိကန် သံရုံး၌ အမှုထမ်းနေသော တူရကီသူနာပြု တစ်ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာ ရရှိသူများအနက် နိုင်ငံခြားသားရှစ်ဦး ပါဝင်ပြီး ပေါက်ကွဲသည့်နေရာမှာ မြို့တော်စူပါမားကက် အတွင်းမှ စားသောက်ဆိုင်တစ်ဆိုင်ဖြစ် ကြောင်းသိရသည်။ ဒဏ်ရာရရှိသူနိုင်ငံခြားသားများမှာ ဂျပန်မှစာနယ်ဇင်းသမား နှစ်ဦး၊ အမေရိကန်။ဗြိတိန် ၊ ကနေဒါနှင့် ပါကစ္စ တန်နိုင်ငံသားများဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက်အဆိုပါစားသောက်ဆိုင်အားပိတ်ထားရကြောင်းသိရှိရသည်။