ဘိုလီး ဗီး ယားတွင် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် မိုး ကြီး ရေလျှံ မှု.....
ဘိုလီး ဗီး ယားနိုင်ငံ တွင် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်း မှ စ၍ မိုး သည်း ထန်စွာ ရွာသွန်းမှု နှင့် ရေကြီး မှုများ ကြောင့် ၇၃ ဦးသေ ဆုံး ကာငါး ဦး ပျောက်ဆုံးနေပြီး ၉၅၀၀၀မှာ ဒုက္ခရောက်နေသည်ဟု မြို့ပြဌာနက မတ် ၁၄ရက်တွင် ပြောကြားသည်။ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းတို့တွင် ထူးခြားသော ရေစီးကြောင်းများ ဖြစ်ပေါ်မှုကြောင့် မိုးလေ၀သပညာရှင်များက လာနီညာရာသီဥတု ဖြစ်စဉ်ဟု သတ်မှတ်ထားသည်။
ယင်းရာသီဥတုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် ဘိုလီးဗီးယားနိုင်ငံ၏ တောင်ဘက် ချူကူဆာကာပြည်နယ်တွင် ဆိုးရွားသော ရာသီဥတု အခြေအနေများဖြစ်ပေါ်ရ ခြင်းဖြစ်သည်ဟု လာပက်စ်သတင်းကဖော်ပြသည်။လာပက်စ်သည် ဘိုလီးဗီးယားနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်။
ချူကူဆာကာပြည်နယ်တွင် သေဆုံးသူ ဦးရေသည် ၂၂ဦးအထိ ရှိသည်။ အခြားဒေသများဖြစ်သည့် စန်တာခရု ဇ်ုနှင့် ကိုချာဘမ်ဗာဒေသများ၌လည်း အသေအပျောက်များ ရှိကြောင်းသိရသည်။
၂၀၀၈ခုနှစ် ဇန်န၀ါရီလသည် ရာသီဥတုကြောင့် အသေအပျောက် အများဆုံးလဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများကလည်း ဒုက္ခသည်များအတွက် အကူအညီများပေးပို့ ခဲ့သည်။
0 comments:
Post a Comment