အမေဇုန်သစ်တောအတွင်းသို့ ရဟတ်ယာဉ်ပျက်ကျ
ပီရူးနိုင်ငံတွင် ရေနံကုမ္ပဏီတစ်ခုက ငှားရမ်းထားသည့် ရဟတ်ယာဉ်တစ်စင်း အမေဇုန်သစ်တောအတွင်းသို့ ကြာသပတေးနေ့က ပျက်ကျခဲ့သဖြင့် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။
ပီရူးနိုင်ငံ၏ မြို့တော် လီမာ၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၅၀၀ ခန့်အကွာ အီကွေဒိုနိုင်ငံနယ်စပ် ကျူရာရေးမြစ်အနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ဘားရစ်ရေနံကုမ္ပဏီက ငှားရမ်းထားသည့် အဆိုပါ ရဟတ်ယာဉ်တွင် ခရီးသည်သုံးဦးနှင့် ရဟတ်ယာဉ် ၀န်ထမ်း နှစ်ဦး စီးနင်းလိုက်ပါလာခဲ့သည်ဟု ပဏာမစုံစမ်းစစ်ဆေးမှုအရ သိရှိရသည်။ ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသရန် ဆေးရုံသို့ တင်ပို့ထားသည်။ ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ပျက်ကျသည့်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
0 comments:
Post a Comment