မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂၀၀ နိုင်ဂျီးရီးယားတွင် ဖမ်းဆီး
နိုင်ဂျီးရီးယား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီ(အင်ဒီအယ်လ်အီးအေ)သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၂၀၀ ခန့်ကို နိုင်ငံအလယ်ပိုင်းရှိ နာဆာရာဝါပြည်နယ်တွင် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက စနေနေ့တွင် သတင်းထုတ်ပြန်သည်။ မူပိုင်ခွင့်ရ ဆေးဝါးရောင်းဝယ်သူများအသင်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီတို့က ကြီးမှူးကျင်းပသည့် အလုပ်ရုံ ဆွေနွေးပွဲတွင် အင်ဒီအယ်လ်အီးအေတပ်မှူး အီစီရိုယာက ဖော်ပြပါ ဖမ်းဆီးမှုသတင်းကို ကြေညာခဲ့ခြင်းဖြစ်သည်ဟု နိုင်ဂျီးရီးယား သတင်းဌာနက ဖော်ပြသည်။
အလုပ်ရုံ ဆွေနွေးပွဲတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ တရားမ၀င် ရောင်းဝယ်မှု ပြဿနာကို ညှိနှိုင်းဆွေးနွေးကြသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၂၀၀ အနက်မှ နှစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ် အပြစ်ပေးခဲ့ကြောင်း အင်စီရိုယာက ပြောကြားသည်။
0 comments:
Post a Comment