နိုင်ငံတကာမှုခင်းဖြစ်ရပ်
အသက်၂၀ အရွယ်ရှိ ဗြိတိန်နိုင်ငံသူ ရာချယ်ဖရန်ကလင်းကို ကိုကင်းလက်ဝယ်ထားရှိမှုဖြင့်ပီရူးရဲအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုဝင်ဘာ ၂၉ရက် အင်တာနက်သတင်း၌ ဖော်ပြသည်။
ပီရူးနိုင်ငံ လီမာမြို့ ဂျော့ချာဗက်လေဆိပ်တွင် နိုဝင်ဘာ ၂၅ ရက်က စပိန်သို့သွားရန်လေယာဉ်စောင့်နေစဉ် ဖရန်ကလင်းကို ယင်းကဲ့သို့ ဖမ်းဆီးမိခဲ့
ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံ ဆောက်သမ်ပတန်မြို့တွင် နေထိုင်သောမစ္စဖရန်ကလင်းကို တရားမစွဲရသေးသော်လည်း မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုဖြင့် အပြစ်ရှိ
ကြောင်း စစ်ဆေးတွေ့ရှိပါက သူမအနေဖြင့်ထောင်ဒဏ်၁၅နှစ် ကျခံရဖွယ်ရှိသည်။
ဖမ်းဆီးထိန်းသိမ်း
သူမသည် ထောင်ဒဏ်ကို ဗြိတိန်နိုင်ငံတွင်ကျခံရန်မျှော်လင့်ကြောင်း ပြောကြားသည်။၎င်းထံမှ ကိုကင်းလေးကီလိုဂရမ်ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီးလီမာမြို့ရှိ ပီရူးမူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲဌာနချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားသည်။မစ္စဖရန်ကလင်းသည် အဖမ်းခံရသောနေ့တွင်ပင် ပီရူးနိုင်ငံတောင်ပိုင်း ကပ်စ်ကိုမြို့မှ လေယာဉ်ဖြင့် လီမာသို့လာပြီး စပိန်မှတစ်ဆင့် လန်ဒန်သို့ပြန်နိုင်ရန် လီမာမြို့လေဆိပ်တွင်စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အမှုစစ်ဆေးရေးအဖွဲ့က ပြောကြားခဲ့သည်။ ဖရန်ကလင်းက မိမိသည်နောက်ဆုံးအချိန်အထိ မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုကို မလုပ်တော့ရနန စိတ်ပိုင်းဖြတ်ခဲ့သေးကြောင်း၊သို့သော် မူးယစ်ဆေး
မှောင်ခိုမှုဘက်သို့ပင် ယိမ်းယိုင်ခဲ့မိကြောင်း ဘီဘီစီသို့ပြောကြားသည်။
0 comments:
Post a Comment