ထူးခြားဖြစ်စဉ် ကမ္ဘာတစ်ခွင်
တရုတ်နိုင်ငံ ရှန်စီပြည်နယ် ဟီရူမြို့အနီး သတ္တုမိုင်းတွင်းတစ်တွင်း၌ ဒီဇင်ဘာ၎ရက်က ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့များ စိမ့်ထွက်မှုကြောင့် မိုင်းလုပ်သားခုနစ်ဦး သေဆုံးခဲ့သည်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုပင်လယ်ကွေ့ရှိ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းခွင်တစ်ခွင်တွင် ဒီဇင်ဘာ၎ရက်က မီးလောင်မှုဖြစ်ပွားရာ အရေးပေါ်မီးသတ်ရေယာဉ်များဖြင့် မီးငြိမ်းသတ်ခဲ့ရသည်။
ပြင်သစ်နိုင်ငံ ပါရီမြို့အရှေ့မြောက်ပိုင်းဒေသများတွင် ဒီဇင်ဘာ၎ရက်က ဆီးနှင်းများ ထူထပ်သိပ်သည်းစွာကျဆင်းခဲ့သဖြင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး မော်တော်ယာဉ်များသွားလာမှု ရပ်ဆိုင်းသွားသည်။
ပီရူးနိုင်ငံ လီမာမြို့တွင် ဒီဇင်ဘာ ၅ ရက် နံနက်ကခရီးသည်တင် ဘတ်စ်ကားတစ်စီး အရှိန်လွန်ပြီးတိမ်းမှောက်ခဲ့ရာ ရှစ်ဦးပွဲချင်းပြီး သေဆုံးကာ ၃၆ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမာကြားကျွန်းအနီးတွင် ဒီဇင်ဘာ ၄ရက်က ခရီးသည်တင် စက်လှေကြီးတစ်စင်းနစ်မြုပ်ခဲ့ရာ ငါးဦးပျောက်ဆုံး လျက်ရှိပြီး ကျန်လူများကို ကယ်ဆယ်နိုင်ခဲ့သည်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အရှေ့ဘက် မိုင်၉၀ခန့်အကွာ ကျေးရွာတစ်ရွာအနီးတွင် ရှေးနှစ်ပေါင်း၁၅၀၀ ခန့်က ရှေးဟောင်း လက်ဝတ်ရတနာပစ္စည်းများကို သြစတြေးလျ သုတေသနပညာရှင်များက ဒီဇင်ဘာ ၄ရက်တွင် တူးဖော်တွေ့ရှိခဲ့ကြသည်။
တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ အရှေ့ပိုင်းတွင် ဒီဇင်ဘာ ၄ရက်က အပူလှိုင်းကျရောက်မှုကြောင့် တစ်ဦးသေဆုံးခဲ့သည်။
အပူချိန်မှာ ၁၀၈ဒီဂရီဖာရင်ဟိုက်အထိ ရှိခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ပိုယန်မြို့ရှိ ပိုယန်ရေအိုင်ကြီးတွင်ဒီဇင်ဘာ ၄ရက်က အဖြူရောင်ရှိသောလိပ်တစ်ကောင်ကို သုတေသနပညာရှင်များ တွေ့ရှိခဲ့ကြသည်။
0 comments:
Post a Comment