နျူးကလီးယားအစီအစဉ်နှင့်ပတ်သက်၍သဘောကွဲလွဲနေမှု လုံခြုံရေးကောင်စီ မစွက်ဖက်ရန် အီရန်သတိပေး
အီရန်နိုင်ငံ၏ နုကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများအတွင်း ဖြစ်ပေါ်နေသော သဘောထားကွဲလွဲမှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် အီရန်နိုင်ငံခြားရေးဝန်ကြီး မော်တာကီက သောကြာနေ့တွင် ပြောကြားလိုက်သည်။
အီရန်၏ နုကလီးယားအစီအစဉ်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအရသာလျှင်ဖြစ်ပြီး နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ(အိုင်အေအီး
အော)နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာမည်သည့် အဖွဲ့အစည်းကမျှ အီရန်နိုင်ငံ၏ နျူကလီးယားပြဿနာတွင် ၀င်ရောက်စွက်ဖက်မှုကို လက်ခံမည် မဟုတ်ကြောင်း၊ ယင်းပြဿနာဖြေရှင်းရေးတွင် အိုင်အေအီးအေအဖွဲ့အစည်း တစ်ခုတည်းနှင့်သာ သဘောတူညီမှုရရှိစေရန် ဆွေးနွေးသွားမည်ဖြစ် ကြောင်း ၎င်းကပြောကြားသည်။
ဥရောပသမဂ္ဂ(အီးယူ)သည် အီရန်နိုင်ငံ၏ နျူကလီးယားပြဿနာနှင့်ပတ်သက်၍ နိုဝင်ဘာ ၃၀ ရက်ကဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အီရန်တာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ယင်းဆွေးနွေးပွဲမှာ စိတ်ပျက်ဖွယ်ကောင်းကြောင်း၊အီးယူကပြောကြားခဲ့သည်။ အမေရိကန်နှင့် အနောက် အုပ်စုနိုင်ငံအချို့က အီရန်နိုင်ငံအား ဒဏ်ခတ်အရေးယူမှု တိုးမြှင့်ပြုလုပ်သွားရန် ဖိအားပေးလျက်ရှိကြသည်။နျူကလီးယားဗုံး ထုတ်လုပ်နိုင်ရန် ယင်းနိုင်ငံကကြိုးပမ်းနေသည်ဆိုသော စွပ်စွဲချက်ကို အီရန်နိုင်ငံက ငြင်းဆိုသည်။
0 comments:
Post a Comment