နောက်ဆုံး သုတေသနပြုချက်အရ ကမ္ဘာပေါ်၌ AIDS ရောဂါဖြစ်စေနိုင်သော HIV ရောဂါပိုးသယ်ဆောင်ထားသူပေါင်းမှာ မူလခန့်မှန်းသည်ထက် ၆.၃ သန်းမျှ ပိုနည်းကြောင်းတွေ့ရ၏။ အာဖရိကဒေသတွင် HIV ရောဂါပိုးကူးစက်မှုပြန့်ပွားရေးမှ ကာကွယ်နိုင်ရန်အတွက် ဘီလ်ဂိတ်စ် ထူထောင်ထားသည့် Foundation နှင့် အခြားအဖွဲ့များက၀ိုင်း၍ ကြိုးစားဆောင်ရွက်နေကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် HIV ရောဂါပိုးကို တားဆီးနိုင်သော ဆေးသစ်များစမ်းသပ်ရှာဖွေတွေ့ရှိလာမှုနှင့်အတူ AIDS ကြောင့် သေဆုံးသူအရေအတွက်မှာလဲကျဆင်းသွားသည်။၂၀၀၇ခုနှစ်တွင်တစ်ကမ္ဘာလုံး၌ HIV ရောဂါပိုးရှိသူပေါင်း ၃၃.၂ သန်းရှိသည် ။ ယမန်နှစ်က ခန့်မှန်းချက်အရဆိုလျှင် ၃၉.၂ သန်းသော သူတို့သည် HIV ရောဂါပိုးရှိနေကြ၏ ။ နေ့စဉ်လူ ၅၇၀၀ AIDS ရောဂါကြောင့် သေဆုံးနေကြရသည်။ AIDS ရောဂါသည် လူအသေအပျောက် အများဆုံးရောဂါများ၌ နံပါတ်လေးချိတ်သည်။ AIDS ရောဂါကြောင့် ယမန်နှစ်က လူ ၂.၉သန်း အသက်ဆုံးရှုံးခဲ့ရသည်။ မိုက္ကရိုဆော့ဖ်၏ အကြီးအကဲ ဘီလ်ဂိတ်စ်၏ Foundation က HIV/AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ၁၉၉၅ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၁.၁ သန်း ထည့် ၀င်လှူဒါန်းထား သည်။ Global Fund အဖွဲ့ကြီးကလဲ AIDS၊ တီဘီ၊ ငှက်ဖျား ရောဂါများကာကွယ်ရေးအတွက် ဒေါ်လာငွေ သန်း(၇၀၀၀) ထည့်ဝင်ထားခဲ့သည်။