"e-books ဟာ ရောင်းအကောင်းဆုံးစာအုပ်ဖြစ်မလား"
လူတွေဟာ လမ်းခရီးသွားရင်း ၊ ကားစီးရင်း ၊ ရထားစီးရင်း သတင်းစာဖတ် စာဖတ်လေ့ရှိကြပါတယ်။ ခု အဲဒီလို စာဖတ်နိုင်အောင် ဒီဂျစ်တယ်ပစ္စည်းအချို့ကို Sony တို့ Amazon.comတို့က တီထွင်လာတာကိုတွေ့ရပါ တယ်။သူတို့တတွေ တီထွင်လိုက်တဲ့ ဒီဂျစ်တယ်အင်တာနက်ပေါ်ကနေ စာအုပ်တွေကို ဖတ်လို့ရအောင် စီစဉ်ထားတာတွေဖြစ်ပါတယ်။
Amazon.com က ရောင်းမဲ့ပစ္စည်းရဲ့ အမည်က kindle လို့ခေါ်ပြီး ဒီဂျစ်တယ်ပုံစံနဲ့ လုပ်ထားတဲ့စာအုပ်တွေ၊သတင်းစာတွေ၊ မဂ္ဂဇင်းတွေကို အင်တာနက်ပေါ်ကနေ ဆွဲချဖတ်လို့ရနိုင်ပါတယ်။ ဈေးက ၃၉၉ဒေါ်လာ ဖြစ်ပါ တယ်။
sony ကနေပြီးခဲ့တဲ့လက အလားတူပစ္စည်းတစ်ခုကို ဒေါ်လာ၃၀၀နဲ့ ရောင်းခဲ့ပြီးပါပြီ။ ဒီပစ္စည်းတွေကို လူထုကဘယ်လောက် ကြာကြာ လက်ခံသုံးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
kindle က တပေါင်လောက်ပဲလေးတော့ ပေါ့ပါးတယ်လို့ ဆိုနိုင်ပါတယ်။ သတင်းစာအမျိုးပေါင်း ၁၀၀လောက်ကိုလဲ အင်တာနက်ပေါ်ကနေ ကြည့်နိုင်အောင် စီစဉ်ထားပါတယ်။ ကြည်လို့ရတဲ့ သတင်းစာတွေထဲမှာ"New York Times " တို့" Wall Street Journal " တို့လဲပါပါတယ်။ e-books က ရောင်းအကောင်းဆုံးစာအုပ် ဖြစ် -မဖြစ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

0 comments:
Post a Comment