"ပင်လယ်ရေအောက် မီးတောင်များကို သိပ္ပံပညာရှင်များ လေ့လာ"
ပင်လယ်ရေအောက်မီးတောင် လေ့လာရးစက်ရုပ်ကိုတွေ့ ရစဉ်
နယူးဇီလန် သိပ္ပံပညာရှင်များသည် မြေထဲပင်လယ်ရှိ ပင်လယ်ရေအောက် မီးတောင်များကို ၁၁ရက်ကြာမျှ လေ့လာခဲ့ကြကြောင်း ယနေ့ 
အင်တာနက်သတင်းတွင် ဖော်ပြသည်။
နယူးဇီလန် သိပ္ပံပညာရှင်များသည် အီတလီသိပ္ပံပညာရှင်များနှင့် ပူးပေါင်းကာ ပင်လယ်ရေအောက်မီးတောင်များနှင့်ပတ်သက်၍ လေ့လာ
လျက်ရှိသည်။မြေထဲပင်လယ်ရှိ ပင်လယ်ရေအောက် မီးတောင်များသည် မီးရှင်တောင်များ ဟုတ်၊မဟုတ် သိပ္ပံပညာရှင်များ လေ့လာခဲ့ကြကြောင်း လေ့လာရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာကော်နဲလ်ဒီရွန်ဒီက ပြောကြားသည်။
ပင်လယ်ရေအောက် မီးတောင်အများစုမှာ မီးငြိမ်းတောင်များဖြစ်ကြောင်း၊ကမ္ဘာ့မြေလွှာအောက်ရှိ ကျောက်ရည်ပူမှ ပေါ်ထွက်လာသော အပူဓာတ်သည် ပင်လယ်ရေအောက် မီးတောင်များမှ ဖြစ်ပေါ်လာသည်ဟု ယူဆနိုင်ကြောင်း ၄င်းက ပြောကြားသည်။
ပင်လယ်ရေအောက်မီးတောင်များကို စနစ်တကျလေ့လာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

0 comments:
Post a Comment