"ဆုတွေ---ဆုတွေ---ဆုတွေ"
ခုတလော မြန်မာလူမျိုးတွေ အတော်ဆုရကြရတာကြာနေရပါတယ်။ဆုဆိုတာပြည်တွင်းမှာပေးတဲ့၊နိုင်ငံတော်ကချီးမြှင့်တဲ့ဆုမဟုတ်ပါဘူး။သူများနိုင်ငံတွေရဲ့ဘာအဖွဲ့အစည်း၊ညာအဖွဲ့အစည်းဆိုတာတွေက ပေးတဲ့ဆုတွေပါ။အရင်က ကျွန်တော်တို့ ဘာမှန်းညာမှန်းမသိခင်ကတော့ နိုင်ငံခြားမှာပေးတဲ့ဆုဆို အထင်ကြီးခဲ့မိတာ ၀န်ခံပါတယ်။တယ်တော်ပါလား၊တယ်ဟုတ်ပါလားဟဲ့ပေါ့လေ။သို့သော်အခုချိန်မှာတော့ကျွန်တော်တို့ အ တဲ့အထဲမပါတော့ပါဘူး။ငယ်ငယ်ကအထင်ကြီးခဲ့မိတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုဆိုတာကနေစပြီး။ဒီဆုတွေရဲ့သဘော၊သရုပ်သကန်နဲ့ ရည်ရွယ်ချက်တွေကို မျက်ဝါးထင်ထင်တွေ့ခဲ့ရတာကြောင့်ပါပဲ။ဒီလိုနိုင်ငံတကာဆုတွေကို ဘယ်လိုလူတွေကိုပေးတယ်၊ဘယ်လိုရည်ရွယ်ချက်နဲ့ပေးတယ်ဆိုတာတွေကလဲ သူ့ဟာနဲ့သူရှင်းနေပြီးသညးပဲလေ။
မနေ့တနေ့က ကြားလိုက်ရတဲ့သတင်းဖေါက်သည်ချရရင် သတင်ထောက်ဆုတစ်ဆုကို မြန်မာနိုင်ငံက သမီးတစ်ဦးက ရပါတယ်။ဘာသတင်းတွေထောက်တာတော်လို့လဲဆိုတော့ မြန်မာနိုင်ငံထဲက AIDS ရောဂါသည်ကိစ္စတွေ ဘာတွေစသည်ဖြင့် ဆုပေးတဲ့သူတွေကြားချင်နေတဲ့မကောင်းသတင်းတွေ ပုံကြီးချဲ့ပို့ပေးလို့လို့ သိရပါတယ်။နောက်ဆုတစ်ဆုက ASEAN Leadership ဆုတဲ့။နာမည်ကလှသဗျာ။အရင်ကလည်းကိုယ့်နိုင်ငံတွင် အေးအေးချမ်းချမ်းရှိနေတာကို ရုတ်ရုတ်သဲသဲ မဖြစ်ဖြစ်အောင်လူစွမ်းကောင်းလုပ်အစွမ်းပြချင်တဲ့ မစုစုထွေးကို သည်လိုပဲ ဆုတွေဖန်တီပေးခဲ့တာ အားလုံးမှတ်မိကြဦးမည် ထင်ပါတယ်။
ဒေါ်လာ---ဒေါ်လာတွေ---နဲမှတ်လို့ နောက်လဲသည်ထက်ပိုပြီး၊ပယ်ပယ်နယ်နယ် မဟုတ်ကဟုတ်ကသတင်းတွေထပ်ပို့မှဖြစ်မယ် လိုက်ဟောပြောတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း တက္ကသိုလ်တွေမှာတင်မက ပန်းခြံထဲမှာ စူပါမားကတ်ရှေ့တွေမှာပါ ဟောပြောချင်စိတ်တွေ တဖွားဖွားဖြစ်တော့မှာ သေချာပါတယ်။မစုစုနွေးလိုလူတွေလည်း ဟိုနေရာစတန့်ထွင်လိုက်၊ဒီနေရာဖီဆန်ပြလိုက်နဲ့ လုပ်ကြတော့မှာပဲ၊ ခုလည်းသည်တိုင်းပဲ လုပ်နေကြတာပဲလေ သူ့ဆန်စားရဲမှ ဆိုသကိုး။
ကိုင်းတော်လောက်ပါပြီ၊ တစ်သက်လုံးကျွေးမွေးသုတ်သင်၊ပညာသင်အလှဆင်ပေးခဲ့တဲ့ အမိနိုင်ငံတော်မျက်နှာကိုမှမထောက်တစ်ခါရတဲ့ နိုင်ငံခြားကဒေါ်လာကိုမှ အကောင်းထင်၊ဘ၀င်လေဟပ်နေကြရင်ဖြင့်တနေ့သောကာလမှာအမိနိုင်ငံတော်နဲ့ အမှန်တရားတို့ရဲ့ဒဏ်ခတ်မှုကို မလွဲမသွေခံကြရမယ်ဆိုတော့ စေတနာကောင်းနဲ့သတိပေးလိုက်ပါတယ်ခင်ဗျား။
0 comments:
Post a Comment