“ပါကစ္စတန် သမ္မတ မူရှာရတ်ဖ်”
ပါကစ္စတန် နိုင်ငံ၏ လက်ရှိ သမ္မတ မူရှာရက်ဖ်သည် ယခု ဗုဒ္ဒဟူးနေ့ (၂၈-၁၁-၂၀၀၇)
နေ့တွင် တပ်မတော်အကြီးအကဲရာထူးကို စွန့်လွှတ်မည်ဖြစ်သည်။ မူရှာရက်ဖ်၏ လုပ်ရပ်သည်
၎င်း၏ အာဏာ အင်အားကို ပို၍လျော့နည်းသွားစေနိုင် သည် ဟု ဆန်းစစ်သူမျာက
သုံးသပ်ကြသည်။ မူရှာရက်ဖ် အနေနှင့်အတိုက်အခံများ နှင့် ရင်ဆိုင်ရသော
ပြဿနာများရှိနေသလို ပါကစ္စတန် တရားရုံချုပ်နှင့်လည်း ဖြေရှင်းရမည့် ကိစ္စများရှိနေသည်ဟု
ဆိုကြသည်။
တပ်မတော်အကြီး အကဲရာထူးကို စွန့်လွှတ်လိုက်ပါက ပါကစ္စတန်တရားရုံး ချုပ် အနေနှင့်
မူရှာရက်ဖ်၏ သမ္မတရာထူး ခိုင်မာမှုကို ငြင်းပယ်မည့်အလားအလာ ရှိနေသလို
ယခုလဆန်းပိုင်းက နိုင်ငံတွင်းအရေးပေါ် အခြေအနေကြေငြာမှုနှင့် ပတ်သက်၍လည်း
တရားဝင်မှု ရှိ-မရှိကို ဆန်းစစ်ခံရဖွယ်ရာ ရှိနေသည်။
ယခုအခါ၌ သမ္မတ မူရှာရက်ဖ်အနေနှင့် တပ်မတော်နှင့်ထောက်လှမ်းရေးအဖွဲ့ ကိုသာ
မီးခိုးအားထားရတော့မည် ဖြစ်သည်။ မူရှာရက်ဖ်သည် သမ္မတအဖြစ် ရေရှည် ဆက်လက်
ရပ်တည်နိုင်ခြင်း ရှိမှရှိပါ့မလားဟုလည်း ဆန်းစစ်သူတစ်ဦးက သံသယ ရှိသည်။
“တပ်မတော်မှ ခွဲခွာရသဖြင့် ၀မ်းနည်းမိကြောင်း၊ တပ်မတော်သည် မိမိ၏ ၀ါသနာနှင့်
မိမိ၏ ဘ၀ပင်ဖြစ်ကြောင်း”
ပြောကြားသွား ခဲ့သည်။ သမ္မတမူရှာရက်ဖ်သည် ပါကစ္စတန် တပ်မတော်၏ အကြီးအကဲအဖြစ်
ကိုးနှစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ပါကစ္စတန်တပ်မတော်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်သည် တပ်မ တော်အကြီးအကဲ
တာဝန်များကို ဗိုလ်ချုပ်ကြီး အက်ရှ်ဖက်(က်) ကာယာနီ (Ashfaq Kayani) သို့ လွှဲပြောင်းပေး
အပ်ခဲ့သည်။ ကာယာနီသည် မူရှာရက်ဖ် အပေါ်သစ္စာရှိ သူတစ်ဦးဖြစ်သလို အနောက်လိုလားသူ
တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ကာယာ နီသည် အမေရိကန်နိုင်ငံ Fortleave worth ရှိ
General Staff Collega စစ်တက္က သိုလ် ကျောင်းဆင်းတစ်ဦးလည်း ဖြစ်သည်။
၁၉၉၉ခုနှစ် အောက်တိုဘာလ၌ မူရှာရက်ဖ် ပါကစ္စတန် သမ္မတဖြစ်ပြီးနောက် အမေရိကန်တို့က
၎င်းအား အယ်လ်ကေဒါနှင့် တယ်လီဘန်တို့အား တိုက်ခိုက်ရေးတွင် အဓိကမဟာမိတ်တစ်ဦး
အဖြစ်သတ်မှတ်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ မျှ အထောက်အပံ့ပေးခဲ့သည်။
0 comments:
Post a Comment