ယနေမြန်မာနိုင်ငံနှင့်ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်း ရေးသည် ပဓာနဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက ဖြစ်ကြောင်း လက်ရှိသမိုင်းကြောင်းက ညွှန်ပြနေပါသည်။ နိုင်ငံနှင့်လူမျိုးငြိမ်းချမ်းသာယာဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့ လိုက်နာကျင့်သုံးသွားကြရမည့်ကျင့်စဉ်မှာဒီမိုကရေစီကျင့်စဉ်ဖြစ်ကြောင်းကိုလည်း မျက်မှောက် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များက ဖော်ပြလျှက်ရှိ နေပါသည်။
ဒီမိုကရေစီ ကျင့်စဉ်သည် လူတစ်ဦးချင်းစီ၏ တာဝန်သိတတ်မှုနှင့် တရား ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာခြင်း (Individual Responsibility and Respect for Rule of law) ဖြစ်သည်ဟု အဆိုရှိပါသည်။ ဒီမိုကရေစီဟူသော လွတ်လပ်ခွင့်နှင့် ကျောချင်းကပ်လျက် ပျဉ်ပါးပါးလေးသာခြားနေသောအရာမှာမင်းမဲ့စရိုက်လက္ခဏာဖြစ်သည်ကိုလည်း ကမ္ဘာ့နိုင်ငံ အသီးသီး၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်ရပ်များက သမိုင်းသင်ခန်းစာ ပေးထားခဲ့ပြီး ဖြစ်ပါသည်။
ယနေ့မြန်မာနိုင်ငံတွင်ပြည်သူအများလိုလားတောင့်တသည့် ဒီမိုကရေစီကျင့် စဉ်ကိုစစ်မှန်သော ဒီမိုကရေစီကျင့်စဉ်အဖြစ် အရှည်တည်တံ့ခိုင်မြဲစွာလက်တွေ့ လိုက်နာကျင့်သုံးဖော်ဆောင်နိုင် ရေးအတွက် တပ်မတော်အစိုးရက နိုင်ငံတော် ရှေ့ ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အခိုင်အမာချမှတ်လျက် မဆုတ်မနစ်ဖော်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သမိုင်းကြောင်းနှင့် ယှဉ်၍ ရှုမြင်သုံးသပ် ခံယူအပ် ပါသည်။ထို့ကြောင့်အမိမြန်မာပြည်ကိုချစ်တဲ့သူမှန်သမျှသည်ယနေ့မြန်မာနိုင်ငံ၏သမိုင်း
ကြောင်းနောက်ခံ နှင့် လက်ရှိအခြေအနေမှန်များ၊ ပကတိအရှိတရားများကို မျက်ကွယ်မပြုဘဲ နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်လက်တွေ့အကောင်အထည်ဖော်မှု များကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာလျက် ကိုယ်စီကိုယ်င နိုးကြားတက်ကြွ စွာပါဝင်ပူးပေါင်း ဆောင်ရွက်ကြလျက်
ရှိနေကြခြင်း ဖြစ်ပါသည်။