အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၌ ငလျင်လှုပ်
အင်ဒိုနီရှားနိုင်ငံ ဆူမားတြားကျွန်း၌ နိုဝင်ဘာ ၁၁ ရက်က ရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်လှုက်သွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မသိရှိရသေးကြောင်း မိုးလေဝသဌာနက ပြောကြားသည်။
ယင်းဖြစ်ပွားမှုသည် ဘန်ကူလူပြည်နယ် အနောက်တောင်ပိုင်း ၁၂၉ ကီလိုမီတာအကွာ၌ မြေအောက် ၁၀ ကီလိုမီတာအကွာ ဗဟိုပြုလှုပ်ခဲ့ကြောင်း၊ သို့ရာတွင် ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိပေ။
၎င်းပြည်နယ်၌ စက်တင်ဘာလအတွင်းက ရစ်ခ်ျတာကေး ၈ ဒသမ ၄ ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့မှုကြောင့် ၂၅ ဦးသေဆုံးခဲ့ရပြီး အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည်ဟု အဆိုပါသတင်း၌ ဖော်ပြသည်။
0 comments:
Post a Comment