အခုတလောမှာနိုင်ငံနဲ့အ၀န်း အေးအေးချမ်းချမ်းရှိလို့ ဆူဆူပူပူလုပ်ကြတာ၊ဘယ်နေရာမှာဘာဖြစ်
သတဲ့ဆိုတဲ့အသံများမကြားရလို့ပြည်သူအများစိတ်ချမ်းသာကြရပါတယ်။လုပ်ငန်းခွင်သွားတဲ့လူကသွားလို့၊စာသင်ခန်းသွားတဲ့ ကျောင်းသား၊ကျောင်းသူကလေးငယ်သွားလို့၊ဘုန်းကြီးကျောင်းတွေမှာလည်းအလှုပွဲ၊ကထိန်ပွဲတွေနဲ့စည်ကားသိုက် မြိုက်နေကြလို့ဘယ်လောက်များကောင်းသလဲဗျာ၊ သည်တိုင်းပဲဆက်နေသွားကြရရင်မကောင်းပေဘူးလား။
ဒါပေမယ့်တလောကသတင်းစာထဲကဆောင်းပါးတစ်ပုဒ်မှာ“နိုင်ငံရေးဆိုတာMovementရှိမှအသက်ဝင် တယ်။ဒါကြောင့်လူထုလှုပ်ရှားမှုအရှိန်မသေအောင်ကြွေးကြာ်သံတွေ၊ လှုပ်ရှားမှုတွေဆက်တိုက်လုပ်ပြီး၊ထိန်း ထားရမယ်”ဆိုတဲ့နိုင်ငံရေးလုပ်စားသူတွေရဲ့စကားကိုဖတ်ရတော့စိုးရိမ်စိတ်တွေပေါ်လာပြန်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာကျောင်းသားလူငယ်၊ ဈေးသည်လက်လုပ်လက်စားသာမကသာသနာတော်အတွင်းက စာသင်သား ရဟန်းသံဃာငယ်များကိုပါ သိမ်းသွင်းလှုံ့ဆော်ပြီး ဆူပူဆန္ဒပြပွဲတွေဖန်တီးခဲ့တာဘဲလို့တွေးမိပါတယ်။နိုင်ငံရေး
သမားဆိုသူများက သံဃာတော်တွေကိုပင် အသုံးချဖို့ဝန်မလေးလျှင် ကျန်သာမန်ပြည်သူများကိုတော့သူတို့အာ
ဏာရရေးအတွက် နင်းတုံးလှေခါးထစ်အဖြစ် အသုံးချဖို့အမြဲကြိုးစားနေမှာပါဘဲ၊ဒီလိုအသုံးချခံရသူတွေသာ ဒီဆူ
ပူအကြမ်းဖက်တွေရဲ့ ဂယက်ကြောင့် ဒုက္ခရောက်စရာရှိလည်း သူတို့ပဲ ဒုက္ခရောက်ကြရပါတယ်။ဒီဆူပူမှုတွေဖြစ်
ပွားအောင်လှုံ့ဆော်လာတဲ့ နိုင်ငံရေးသမားဆိုသူများဒုက္ခမရောက်ခဲ့ပါဘူး။
၁၉၈၈ခုနှစ်ကရော အခုဒီနှစ်ပိုင်းဖြစ်စဉ်များစွာပါ ဆူပူဆန္ဒပြမှုအခြေအနေများကို ထိန်းသိမ်းနိုင်ဖို့အတွက်
ဥပဒေအရအရေးယူပြီဆိုလျှင် ဒီဆူပူမှုတွေဖြစ်အောင် လှုံ့ဆော်သူတွေတစ်ယောက်မှ မပါပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလဖြစ်စဉ်များစွာ သေဆုံးဒဏ်ရာရခဲ့သူတွေ၊ အဖမ်းခံရတဲ့သူတွေထဲမှာလည်း ပြည်ပမီဒီယာတွေ
ကတဆင့် မသိနားမလည်တဲ့ ပြည်သူများကို လမ်းပေါ်ထွက်ပြီးဆန္ဒပြအောင် အာပေါင်အာရင်းသန်သန်နဲ့ ပြော
ခဲ့၊ ဟောခဲ့၊ လှုံ့ဆော်ခဲ့သူတွေ တစ်ယောက်မှမပါပါဘူး။ ဒါတွေဖြစ်ရတော့ အသဲနာစရာပါပဲ။
အဲဒီတော့ကျွန်တော်တို့က ဒီနိုင်ငံရေးသမားဆိုတဲ့ လူတွေရဲ့ အသုံးချခံနင်းတုံးလှေခါးထစ်တွေ အဖြစ်ခံ
နေကြအုံးမှာလား။