ကလေးသူငယ်များ လေထိုးလေအောင့် ဝေဒနာခံစားနေရမှုနှင့် ပတ်သက်၍ မိခင်များအပေါ် အပြစ်ဆိုရန်ယူဆခဲ့လင့်ကစား အဆိုပါကလေးသူငယ်အား ကိုယ်ဝန်ဆောင်ရှိစဉ်က ဖခင်ဖြစ်သူ၏ စိတ်ခံစားမှုနှင့်အပြုအမူများမှာ ယင်းကိစ္စတွင်အရေးပါကြောင်း လေ့လာသိရှိလာရပြီဟု ဆိုသည်။ စူးစမ်းလေ့လာချက်
ကလေးသူငယ်တစ်ယောက် ရက်သတ္တပတ်အတွင်း သုံးရက်မက တစ်နေ့လျှင် သုံးနာရီကျော်မျှငိုကြွေးနေခြင်း၊
သို့မဟုတ် လေထိုးလေအောင့်ဝေဒနာခံစားကာ ငိုယိုနေလျှင် ယင်းသို့ငိုခြင်းမှာ မိခင်များ၏ စိတ်ကျဝေဒနာနှင့်
ဆက်စပ်နေသည်ဟူ၍ ယခင် စူးစမ်းလေ့လာချက်များက ဆိုသည်။
ယခုအချိန်အထိလည်း ကလေးမမွေးဖွားမီ မိခင်ဖြစ်သူတို့၏ စိတ်ကျန်းမာ ကိုယ်ချမ်းသာမှုအပေါ် အလေးထား
တွေးဆမှတ်ယူ ဆုံးဖြတ်ခဲ့သည်။
ဖခင်၏စိတ်ကျဝေဒနာ
သို့သော် နောက်ဆုံးစူးစမ်းတွေ့ရှိချက်မှုတည်၍ ကလေးသူငယ်များ အလွန်အမင်းငိုကြွေးခြင်းမှာ ၎င်းအား
ကိုယ်ဝန်ဆောင်စဉ် ဖခင်ဖြစ်သူ၏ စိတ်ကျဝေဒနာကြောင့်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားသည်။
ထို့ကြောင့် ကိုယ်ဝန်ရှိစဉ် မိခင်ရော ဖခင်ပါ စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိရန်လိုကြောင်း သုတေသီများက
အကြံပြုထားသည်။