လူထုဆက်သွယ်ရေးနည်းလမ်းများထိရောက်စွာအသုံးချ
မြ၀တီရုပ်မြင်သံကြား (၁၄)နှစ်မြောက် နှစ်ပတ်လည်နေ့ထူးချွန်ဝန်ထမ်းဆုနှင့် မြ၀တီစာပေတိုက် ၂၀၀၈ခုနှစ် မြ၀တီ၊ ငွေတာရီ မဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံး စာမှုဆု၊ မြ၀တီရောင်စုံ ဓါတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ၎ရက်နေ့က မှော်ဘီမြို့ရှိ မြ၀တီရုပ်မြင်သံကြား၌ ကျင်းပခဲ့သည်။ယနေ့အချိန်အခါသည် ပြည်သူနှင့် တပ်မတော် တစ်သွေးတည်း တစ်သားတည်း၊ တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲကာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေသော အချိန်ကာလဖြစ်သည်။ယနေ့ကမ္ဘာ၌ နည်းပညာများ တစ်နေ့တခြားတိုးတက်လျက်ရှိရာ နိုင်ငံကြီးအချို့သည် ဖွံ့ဖြိုးဆဲ
နိုင်ငံငယ်များအပေါ် မီဒီယာကို အသုံးချ၍ စီပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစာပေ၊ အနုပညာများတွင် လွှမ်းမိုးရန် ကြိုးပမ်းလျက်ရှိသည်။ပြည်ပနိုင်ငံအချို့သည် မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုများကို မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အထင်အမြင်လွဲမှားရန် မီဒီယာကို လက်နက်သဖွယ် အသုံးပြု လျက်ရှိသည်။မြန်မာနိုင်ငံတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းရန်၊ ပြည်ထောင်စုစိတ်ဓါတ်ပြိုကွဲ ရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားရန် မဟုတ်မမှန် ကောလာဟလ သတင်းများကို ပြည်ပအသံလွှင့်ဌာနများ ကလီဆယ်လုပ်ကြံထုတ်လွှင့်လျက်ရှိကြပေသည်။ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရန်အတွက် ယင်းသို့သော မဟုတ်မမှန် သတင်းများကို မီဒီယာနည်းလမ်းဖြင့် ထိထိရောက်ရောက် ပြန်လည်အသုံးချ၍ တန်ပြန်ချေဖျက်သွားကြရမည်ဖြစ်သည်။မီဒီယာများအနက် ရုပ်မြင်သံကြားနှင့် စာနယ်ဇင်းသည် ပြည်သူလူထုအတွင်း သတင်းပြန် ကြားမှုနှင့် ပညာပေးမှုတွင် အထိရောက်ဆုံး စွမ်းဆောင်နိုင်သည်။ လူထုဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ရုပ်မြင်သံကြားသည် ပရိသတ်ထုနှင့် အရင်းနှီးဆုံးနှင့် အထိရောက်ဆုံးသော မီဒီယာ ဖြစ်ပေသည်။သို့ဖြစ်ပေရာ လူထုဆက်သွယ်ရေးလုပ်ငန်း၌ အဓိကအခန်းကဏ္ဍက ပါဝင်နေသော မြ၀တီ ရုပ်မြင်သံကြားသည် ပြည်သူတစ်ရပ်လုံး ချမ်းမြေ့ပျော်ရွှင်ကြည်းနူးစေရန်၊ မှန်ုကန်သော သတင်းအချက်အလက်များ အချိန်မီ သိရှိစေရန် ရည်ရွယ်ချက်နှင့်အညီ ဖျော်ဖြေပေးရန်၊ ပညာပေးရန်၊ ပြန်ကြားပေးရန် စသည့်တာဝန်များကို တိုင်းရင်းသားပြည်သူများအတွက် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။

0 comments:
Post a Comment