ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ ဇီးချောင်းရေလှောင်တမံ တည်ဆောက်ဖွင့်လှစ်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာန ဆည်ဆောက်ရေး(၃)က ရခိုင်ပြည်နယ် စစ်တွေခရိုင် ကျောက်တော်မြို့၌ တည်ဆောက်ပြီးစီးသွားသော ဇီးချောင်းရေလှောင်တမံ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ရက် နံနက် ၉နာရီက အဆိုပါ ရေလှောင်တမံအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။ရေလှောင်တမံဖွင့်ပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ဌေးဦး၊ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ စစ်တွေခရိုင်နှင့် ကျောက်တော်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းရင်သားယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၃)မှ အင်ဂျင်နီယာများနှင့် ၀န်ထမ်းများ တက်ရောက်ကြသည်။
0 comments:
Post a Comment