မြန်မာ-ထိုင်းနည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စည်းဝေး
မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေးကြိုတင် သတိပေးရေးဗဟိုဌာနဖြစ်သော ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စွမ်းဆောင်ရည်များ၊ ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးရေးစနစ်ဆိုင်ရာ စွမ်းဆောင်ရည်များနှင့် နာဂစ်မုန်တိုင်းဒဏ် ခံရသောဒေသများတွင် ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းဆောင်ရည်များ စသည်တို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် မြန်မာ-ထိုင်းနှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပသည်။
ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ၀န်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်ဆိုင်ရာများ၊ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍဆိုင်ရာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများကို ရှင်းလင်းပြောကြားကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးကို ဇန်န၀ါရီ ၂၃ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
အမှာစကားပြောကြား
ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထွန်းလွင်နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ညွန့်စိန်နှင့် ၀န်ကြီးဌာန အသီးသီးမှ တာဝန်ရှိများ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Opas Chantarasap ၊ အရေးပေါ်ဆေးဝါးကုသရေးစနစ်ဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် Mr.Anurak Amompetchsathaprm၊ မိုးလေ၀သခန့်မှန်းရေးဗျူရိုမှ ညွှန်ကြားရေးမှူး Mr.Parawit Jampanya နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်နှင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်Mr.Opas Chantarasap တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ၀န်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်ဆိုင်ရာများ၊ မုန်တိုင်းဒဏ်သင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍဆိုင်ရာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများကို ရှင်းလင်းပြောကြားကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါ အစည်းအဝေးကို ဇန်န၀ါရီ ၂၃ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

0 comments:
Post a Comment