ကော်ဖီတစ်နေ့နှစ်ခွက်ခန့် သောက်သုံးပါလျှင် အရေပြားကင်ဆာဖြစ်ပွားမှု ကာကွယ်နိုင်ဟုဆို
ကော်ဖီသောက်သုံးခြင်းသည် ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်စေတတ်သော ခန္ဓာကိုယ်အရေပြားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးရာတွင် အထောက်အကူပြုကြောင်း အမေရိကန်နိုင်ငံ နယူးဂျာစီတက္ကသိုလ်မှ သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားသည်။
ဖယ်ရှားနိုင်
ကော်ဖီမှုန့်တွင် ပါရှိသောဓာတ်က ခန္ဓာကိုယ်အရေပြား၌ ပျက်စီးသွားသည့် ဆဲလ်များအား ဖယ်ရှား ပစ်နိုင်သည့် အပြင် ဆဲလ်များခံနိုင်ရည် ကောင်းမွန်အောင်လည်း ပံ့ပိုးပေးနိုင်ကြောင်းသိရသည်။
ဓာတ်ခွဲခန်းတွင် ကြွက်များကို ကော်ဖီတိုက်ကျွေးပြီး ခရမ်းလွန်ရောင်ခြည်ကိုခံကာ စမ်းသပ်ခဲ့ရာ ကြွက်များ၏ အရေပြားတွင် အနာရောဂါတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်း မတွေ့ရှိရကြောင်း ၄င်းတို့က ပြောကြားသည်။ထိုသို့ စမ်းသပ်ရာတွင် ကြွက်များ ခန္ဓာကိုယ်ရှိ အမွေးအမှင်များကို ရိတ်ပြီး စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်း
ကော်ဖီကို တစ်နေ့လျှင် နှစ်ခွက်ခန့် ပုံမှန်သောက်သုံးပေးသွားပြီး ကိုယ်လက်လေ့ကျင့်ခန်းပါ ပူးတွဲပြုလုပ်သူများအနေဖြင့် ကိုယ်အရေပြားကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်သည်ဟု နယူးဂျာစီ တက္ကသိုလ်မှ သုတေသနပညာရှင်များက အကြံပြုထားသည်။

0 comments:
Post a Comment