
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီး ဦးဥာဏ်ဝင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၀န်ကြီး ဦးစိုးသာ၊ အစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးအောင်သိမ်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ၈ရက် နံနက်၉နာရီတွင် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟနွိုင်းမြို့Tu Liem ခရိုင်ရှိ The National Institude of Animal Sciences သို့ရောက်ရှိကြသည်။
0 comments:
Post a Comment