ကာကွယ်ရေး ၀န်ကြီးဌာနမှ ဗိုလ်ချုပ်အုန်းမြင့်သည် နိုဝင်ဘာလ ၂၅ရက် နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ကုန်းရွာအနီးရှိ မိတ္ထီလာလွင်ပြင် ရေရရှိရေး အမှတ်(၂) လျှပ်စစ်ရေတင်စခန်း ရေတင်စက်ရုံနှင့် ရေစုကန်တို့ကိုလည်းကောင်း၊ အမှတ်(၂) ရေတင်စခန်းတွင် တပ်ဆင်မည့် အမြင့်တင် ရေပန့်နှင့် မော်တာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဗိုလ်ချုပ်အုန်းမြင့်သည် ဒိုင်းကောင်း ကုန်းရေတင်မြောင်းများ၏ ပတ်ဝန်းကျင်၌ စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် ရေပေးမြောင်းများ တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။