မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပွဲ သဘောတူညီချက် လက်မှတ်ရေးထိုး

(၉)ကြိမ်မြောက် မြန်မာ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ အတွင်းဝန်အဆင့် နှစ်နိုင်ငံ ညှိနှိုင်းဆွေး နွေးပွဲသဘောတူညီချက်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက ရန်ကုန်မြို့ရှိ ချက်ထရီ ယမ်ဟိုတယ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူနှင့် အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြား ရေးအတွင်းဝန် မစ္စတာရှိဗ်ရှန်ကာမီနွန်တို့ တက်ရောက်၍ လက်မှတ်ရေးထိုးကြသည်။
ရောက်ရှိ
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်သူ၏ ဖိတ်ကြားချက်အရ အိန္ဒိယ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးအတွင်းဝန်မစ္စတာရှိဗ်ရှန်ကာမီနွန် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၂၂ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြသည်။
ကျင်းပ
အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် မစ္စတာရှိဗ်ရှန်ကာမီနွန် ခေါင်းဆောင်သည့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ အတွင်းဝန်အဆင့် ညှိနှိုင်းဆွေးနွေး ပွဲကို နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ရှိ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကိုလည်းကောင်း၊ အကြာသေးမီက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၏ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဆွေးနွေးရရှိချက်များအား ခရီးစဉ်အတွင်းဆွေးနွေးရရှိချက်များအား ဆက်လက် အကောင်အထည်ဖော်ရေးကိစ္စရပ်များကို လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာရှိဗ်ရှန်ကာမီနွန် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၂ရက်ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ ဇဗားရှားဂူဗိမာန်နှင့် ရွှေတိဂုံဘုရားတို့သို့ သွားရောက်ခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် ဒုတိယ၀န်ကြီး ဦးကျော်သူက အိန္ဒိယနိုင်ငံ ခြားရေးအတွင်းဝန်နှင့် အဖွဲ့အား ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့ သည်။
ပြန်လည်ထွက်ခွာ
အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာရှိဗ်ရှန်ကာမီနွန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
0 comments:
Post a Comment