ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ဗဟိုကူးစက်) ဒေါက်တာသန်းထိန်ဝင်းနှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၈ ရက်တွင် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် သင်္ဃန်းကြီး ကျေးလက် ကျန်းမာရေးဌာန ဇင်ရွဲကြီး ကျေးရွာ၌ ၀ါဝါ၀င်း ဆောက်လုပ်ရေးက တာဝန်ယူ ဆောက်လုပ်လျက်ရှိသော ဇင်ရွဲကြီးကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အအုံ ဆောက်လုပ်ရန် ကိစ္စရပ်များကို ကျေးရွာတာဝန်ခံများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးကြပြီး ကျေးရွာအတွင်းရှိ အသက်ကိုးလမှ ၁၅နှစ်အောက် ကလေးများအား ၀က်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကြီးကြပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များသည် လပွတ္တာမြို့နယ် ဂန့်အိတ်ကျေးလက် ကျန်းမာရေးဌာန၊ ဥယျာဉ်ကုန်းကျေးရွာ ကျန်းမာရေးဌာနခွဲ၌ ကျေးရွာအတွင်းရှိ အသက် ကိုးလမှ ၁၅ နှစ်အောက် ကလေးများအား ၀က်သက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ လူနာများအား ဆေးကုသပေးခြင်းနှင့် သင်္ဃန်းကြီးနှင့် ဂန့်အိတ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၄၀)၌ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။