ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၏ ၂၀၀၈ခုနှစ် လုပ်ငန်း ညှိနိုင်း အစည်းအဝေးကို နိုဝင်ဘာ၁၇ ရက်တွင် နေပြည်တော်ရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၀န်ကြီးရုံး အစည်းအ၀းခန်းမ၌ ကျင်းပရာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် ပြည်နယ်နှင့်တိုင်း မန်နေဂျာများက သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်လုပ်ငန်း၊ ကြေးနန်း လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။ ဆက်လက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက် ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကိုပြည်နယ်နှင့် တိုင်းမန်နေဂျာများနှင့် ပေါင်းစပ်ညှိနှိုင်း တင်ပြကြသည်။ ယင်းနောက်ဒုဝန်ကြီး ဗိုလ်ချုပ်သိန်းထွန်း၊ညွန်ကြားရေးမှူးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့ကဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment